Pages

Pages

အွန်လိုင်း ကာစီနိုတွေကိ ဖျက်သိမ်းဖို့ ဘရာဇီးသမ္မတ ပြင်ဆင်နေ


မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

ဘရာဇီးသမ္မတ လူလာ က အွန်လိုင်းလောင်းကစားစွဲလမ်းမှုကို တားဆီးရန် နဲ့ အင်တာနက်လောင်းကစားကြောင့် မိသားစုများ အကြွေးတင်ခြင်းကို ကာကွယ်ရန်အတွက် ဒစ်ဂျစ်တယ်ကာစီနိုများကို ပိတ်ပင်ရန် တွန်းအားပေးမည်ဖြစ်ကြောင်း ယူကျူ့မှာ ဗီဒီယိုတင်ပြီး ကြေညာခဲ့ပါတယ်။ 

လူလာက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ကြေညာချက်အဖြစ် ဒစ်ဂျစ်တယ် လောင်းကစား ကြီးထွားလာမှုကြောင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများရှိကြောင်း နဲ့ အထူးသဖြင့် အမျိုးသမီးများ အပေါ် သက်ရောက်မှုပိုကြီးမားကြောင်း ဆိုခဲ့ပါတယ်။ 

"ဘရာဇီးအိမ်ထောင်စုတွေကို ရိုက်ခတ်နေတဲ့ နောက်ထပ်ပြသနာတစ်ရပ်ကတော့ လောင်းကစားစွဲလမ်းမှုပါပဲ။ မူးယစ်ဆေးစွဲသူအများစုဟာ အမျိုးသားတွေဖြစ်ပေမဲ့ အစားအသောက်အတွက်လိုအပ်တဲ့ငွေကြေး ၊ အိမ်ငှားခ၊ ကျောင်းစရိတ် နဲ့ ကလေးစရိတ်တွေအတွက် ဆဲလ်ဖုန်းဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာက အမျိုးသမီးတွေပါပဲ" လို့ လူလာက ဆိုပါတယ်။ 

ဘရာဇီးတွင် ကာစီနိုလောင်းကစားများကို ဆယ်စုနှစ်များစွာ ပိတ်ပင်ထားပေမဲ့ မိုဘိုင်းလ်ဖုန်းများ နဲ့ အက်ပ်များမှ တစ်ဆင့် ဒစ်ဂျစ်တယ်လောင်းကစားပလပ်ဖောင်းတွေက ဘယ်ကနေ ဘယ်လို အလျင်အမြန် ပေါက်ပွားလာကြတာလဲ လို့ သမ္မတက မေးခွန်းထုတ်ခဲ့ပါတယ်။ 

" ဆဲလ်ဖုန်းကနေတဆင့် မိသားစုတွေကို အကြွေးတင်အောင်လုပ်နေတဲ့ လောင်းကစားတွေကို လုပ်ခွင့်ပေးနေတာက လုံးဝကို အဓိပ္ပာယ်မရှိဘူး" လို့ လူလာက ပြောပါတယ်။ ပြီးတော့ သူက အစိုးရ၊ ကွန်ဂရက်နှင့် တရားစီရင်ရေးတို့အကြား ညှိနှိုင်းဆောင်ရွက်မှုလုပ်ရန် တောင်းဆိုခဲ့ပြီး အဆိုပါ ပလက်ဖောင်းများကို ကန့်သတ်ရန်လည်း တောင်းဆိုခဲ့ပါတယ်။ 


REF: UPI

#News #MNP

No comments:

Post a Comment