Pages

Pages

တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ (အောင်မြင်မှုအပေါင်း သရဖူးဆောင်းနိုင်ပါစေ)


တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်သမားတွေ ရဲ့ လက်ချက်ကြောင့် ဒေသတည်ငြိမ်အေးချမ်းမှုမရှိ၊ ဒေသခံပြည်သူများအတိဒုက္ခရောက်ခဲ့ရတဲ့ အခြေအနေတွေကို ကုစားဖို့ရာ အကြမ်းဖက်နှိမ်နင်းရေးကို ထိရောက်စွာ ဆောင်ရွက်ပါမှ ဖြစ်မယ့်အခြေအနေပါ။

၁၀-၃-၂၀၂၆ ရက်နေ့က တကောင်းမြို့ကို တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းနဲ့အတူ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးကို အထူးအလေးထား ဆောင်ရွက်ပေးခဲ့ကြတဲ့ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သားများ အားလုံးကို လေးစားဂုဏ်ပြုပါတယ်။

သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်း နယ်မြေများမှာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဦးဆောင်နေသူက တကက (၁၃) ကျောင်းအုပ်ကြီးဖြစ်ပါတယ်။ သပိတ်ကျင်းကို ပြန်လည်ထိန်းချုပ်ပြီး ကျွန်တော်တို့ သတင်းအဖွဲ့ ရောက်ရှိသွားတဲ့အချိန်မှာ ကျောင်းအုပ်ကြီးက နယ်မြေဒေသအလိုက် တာဝန်ယူဆောင်ရွက်နေတဲ့ တပ်ရင်းမှူးများရဲ့ ကြိုးပမ်းဆောင်ရွက်ချက်များကို ဂုဏ်ယူဝမ်းမြောက်စွာ လိုက်လံရှင်းလင်းပြသပြီး တပ်ရင်းမှူးများနဲ့လည်း ကျွန်တော်တို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။

အကြမ်းဖက်သမားများ အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာတွေကို တပ်ရင်းမှူးများက ခဲရာခဲဆစ် ရှင်းလင်းဆောင်ရွက်ခဲ့ရပုံတွေက ပြန်ပြောတဲ့အချိန်မှာတောင် ရင်သပ်ရှုမောဖြစ်ရပါတယ်။ ခက်ခဲပါတယ်၊ ကြမ်းတမ်းပါတယ်။ အသက်ကို အရင်းတည်ပြီး ဆောင်ရွက်ခဲ့ရတဲ့ တိုက်ပွဲတွေချည်း ဖြစ်ပါတယ်။

ကျောင်းအုပ်ကြီးကတော့ သူနဲ့အတူ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေကြတဲ့ အရာရှိတွေရဲ့ လိုအပ်ချက်၊ တပ်မတော်သားတွေရဲ့ လိုအပ်ချက်တွေကို ကြပ်မက်စီမံဆောင်ရွက်ပေးပြီး တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာဖြစ်အောင် မိမိရဲ့ ရဲဘော်ရဲဘက်တွေ ရာထူးအဆင့်အတန်းတွေ တိုးမြင့်လာအောင် ဆောင်ရွက်ပေးရင်းက ဂုဏ်ယူဝမ်းမြောက်နေတာကို တွေ့ခဲ့ရပါတယ်။

ကျောင်းအုပ်ကြီးများနဲ့ တပ်ရင်းမှူးများရဲ့ ဆက်ဆံရေးကို လေ့လာကြည့်ရာမှာလည်း တပ်မတော်သားများရဲ့ ကျန်းမာရေးလိုအပ်ချက်များကို အလေးထားဖို့၊ တာဝန်ထမ်းဆောင်မှုအပိုင်းမှာ အားနည်းချက်၊ လစ်ဟာမှုတွေ မဖြစ်စေဖို့ သတိပေးတာမျိုး ရင်းနှီးချစ်ခင်တဲ့ ဆက်ဆံရေးမျိုးနဲ့ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို လက်တွဲဆောင်ရွက်နေကြတာကို သတိပြုမိပါတယ်။

ယခု တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်လို့ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဦးဆောင်နေတဲ့ တကက (၁၃) ကျောင်းအုပ်ကြီးနဲ့ အခြား အရာရှိများ၊ တပ်မတော်သားများအားလုံးရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို ဦးညွှတ်ဂုဏ်ပြုပါတယ်။ နယ်မြေရှင်းလင်းရေးက ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးတဲ့အတွက် ဆက်လက်ဆောင်ရွက်ရမယ့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများမှာလည်း အောင်မြင်မှုအပေါင်း သရဖူဆောင်းပါစေကြောင်း။   ။


နောင်တော်လေး (ဘိုကလေး)

#News #MNP

No comments:

Post a Comment