ကလေးတွေ ရာနဲ့ချီသေသွားတဲ့ အီရန်စာသင်ကျောင်းကို သူတို့ပစ်တာမဟုတ်ဘူလို့ ထရမ့် ငြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးတွေ ရာနဲ့ချီသေသွားတဲ့ အီရန်စာသင်ကျောင်းကို သူတို့ပစ်တာမဟုတ်ဘူလို့ ထရမ့် ငြင်း


မတ် - ၈ ( တနင်္ဂနွေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူပေါင်း ၁၇၅ ဦး သေဆုံးခဲ့ရတဲ့ အီရန်စာသင်ကျောင်းဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး သေဆုံးသူ ကလေးသူငယ်များအတွက် မှားယွင်းတဲ့ အီရန်ဒုံးကျည်ကိုသာ အပြစ်ဖို့ရန် အကြံပြုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်နေရာများကို ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း အီရန်မိန်းကလေးစာသင်ကျောင်းတစ်ခုကို ဒုံးကျည်ထိသွားခဲ့တယ်လို့ သတင်းဌာနတွေက ဂြိုလ်တုပုံရိပ်တွေကို သုံးပြီး ရေးသားဖော်ပြကြပေမဲ့ ထရမ့်ကတော့ အမေရိကန်ဘက်က ပစ်တာမဟုတ်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။ 

ကျောင်းကိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်က တာဝန်ယူမှာလားလို့ စနေနေ့က မေးမြန်းရာမှာ ထရမ့်က “ကျနော့်အမြင်အရတော့၊ ကျနော်မြင်တဲ့အတိုင်းပြောရမယ်ဆိုရင် အဲ့ဒါက အီရန်ဘက်က လုပ်တာလို့ ထင်ပါတယ်” လို့ ဖြေပါတယ်။  

နောက်သတင်းထောက်တစ်ဦးက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ် ကို အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရာ၊ သူက “ဟုတ်လား၊ အီရန်လုပ်ခဲ့တာပဲနေမှာပါ။ အရပ်သားတွေကို ပစ်မှတ်ထားတယ်ဆိုတာ အီရန်ဘက်ကပဲ ဖြစ်မှာပါ။ ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” လို့ ဖြေသွားပါတယ်။ 

ထရမ့်ကတော့ "ကျနော်တို့ ထင်တာက အီရန်က သူတို့ရဲ့ လက်နက်ခဲယမ်းတွေရဲ့ ပစ်ခတ်မှုဟာ သိပ်ကို မမှန်ကန်တဲ့ အတွက်ကြောင့်ပဲ ဖြစ်မှာပါ။  သူတို့မှာ တိကျမှု မရှိပါဘူး" လို့လည်း ကြားဖြတ်ဝင်ဖြေသွားပါတယ်။ 

မင်းနက်ဘ်မြို့ ရှိ စာသင်ကျောင်းကို တိုက်ခိုက်မှုအတွက် အမေရိကန်တပ်ဖွဲ့ဝင်များ တာဝန်ရှိတယ်လို့ အမေရိကန် စစ်ဘက်စုံစမ်းစစ်ဆေးရေးမှူးများက ယုံကြည်နေကြပါတယ် လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိနှစ်ဦးရဲ့စကားကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသောကြောင့် အပြီးသတ် ကောက်ချက်မချရသေးကြောင်း ရိုက်တာက မှတ်ချက်ပြုခဲ့ပါတယ်။ 

ဖေဖေါ်ဝါရီ ၂၈ ရက်နေ့ကစပြီး အီရန်အပေါ် အမေရိကန်-အစ္စရေး ပြုလုပ်ခဲ့တဲ့စစ်ပွဲတွင် လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုတစ်ခုကတော့ စာသင်ကျောင်းကို ဒုံးကျည်နဲ့တိုက်ရိုက် တိုက်ခိုက် ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)