ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် သာသနိကအဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေး စီစဉ်ဆောင်ရွက်ထားရှိရန် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် သာသနိကအဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေး စီစဉ်ဆောင်ရွက်ထားရှိရန် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မှာကြား



ပျဉ်းမနား၊ မတ် ၁၉

‌နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းသာသနာရေးမှူး ဦးထွန်းမြင့်အောင်၊ ပျဉ်းမနားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများအား ကြည့်ညိုဖွယ်ဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန်လိုကြောင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအနေဖြင့်လည်း ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဘုရားစေတီပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် သာသနိကအဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေး စီစဉ်ဆောင်ရွက်ထားရှိရန်လိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ဘုရားကိုးဆူစေတီတော် ဂေါပကအဖွဲ့၊ လောကမာရဇိန်စေတီတော်ဂေါပကအဖွဲ့၊ ဆင်ဖြူတောင်ဘုရားဂေါပကအဖွဲ့နှင့် ကိုးခမ်းကြီးဘုရား ဂေါပကအဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းသာသနာရေးမှူးနှင့် ပျဉ်းမနားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)