ရန်ကုန်၊ မတ် ၃၁
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊သူနာပြုတက္ကသိုလ်၊ရန်ကုန်၏ အကြိမ်(၃၀)မြောက် နှင့် (၃၁)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၉-၃-၂၀၂၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ သူနာပြုတက္ကသိုလ်၊ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေနှင့် ပညာရေး အဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဝတ်ရုံများဝတ်ဆင်လျက် ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် နေရာယူ ကြသည်။
ထို့နောက်ဘွဲ့ရကျောင်းသား/သူများက သူနာပြု သစ္စာအဓိဌာန်ကို ရွတ်ဆိုကြပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့၊ အထူးသူနာပြုဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက်ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေငြာခြင်းခံကြရသူများအား သူနာပြုတက္ကသိုလ်၊ရန်ကုန် ပါမောက္ခချုပ်၊ ဒေါက်တာကျော်ရွှေက ဘွဲ့များအသီးသီးအပ်နှင်းပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားသည်။
သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ အကြိမ်(၃၀)မြောက်ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူသင်တန်းအောင်မြင်သူ(၁)ဦး၊သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင်သူ(၂၀)ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (အဝေးသင်) သင်တန်း အောင်မြင်သူ(၇၆)ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus)သင်တန်း အောင်မြင်သူ(၁၅၂)ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်)(၁/၂၀၂၅) သင်တန်းအောင်မြင်သူ (၈၄)ဦး၊ အထူးပြုသူနာပြု ဒီပလိုမာသင်တန်းအောင်မြင်သူ(၂၃)ဦးရှိပြီး၊ (၃၁)မြောက်ဘွဲ့နှင်းသဘင်၌ အရေးပေါ်သူနာပြုစုပညာဒီပလိုမာ သင်တန်းအောင်မြင်သူ(၁)ဦး၊ သူနာပြုသိပ္ပံ(ပုံမှန်) (၅/၂၀၂၅)သင်တန်း အောင်မြင်သူ (၂၅၃)ဦး တို့ကို ဘွဲ့များ အပ်နှင်းခဲ့သည်။
ယခုနှစ် ဘွဲ့နှင်းသဘင်အပါအဝင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်မှ မွေးထုတ်ပေးခဲ့သည့် သူနာပြုဘွဲ့ရ ဦးရေမှာ သူနာပြုပါရဂူဘွဲ့(၄)ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့(၂၇၉)ဦး၊ အထူးပြုသူနာပြုဒီပလိုမာဘွဲ့ရရှိသူ (၉၅၆) ဦး၊ သူနာပြုသိပ္ပံဘွဲ့ (၆၁၁၃)ဦးတို့ကို အောင်မြင်စွာလေ့ကျင့်ပျိုးထောင် ဘွဲ့အပ်နှင်းပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#MNP #News





No comments:
Post a Comment