နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းသားသမီးများ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းသားသမီးများ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေး





နေပြည်တော်၊ မတ် ၃၁

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းသားသမီးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက် နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရ(မြို့တော်ဝန်)ကျောင်းမှ သင်တန်းနည်းပြများနှင့် သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 ဦးစွာ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၏ သားသမီးများအနက် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဗုဒ္ဓဘာသာဆိုင်ရာစာပေများနှင့် အခြေခံကိုယ်ကျင့်တရားများကို စနစ်တကျလေ့လာသင်ယူပြီး အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်စေရန်၊ ရတနာသုံးပါးနှင့် မိဘဆရာသမားများကို ရိုသေကိုင်းရှိုင်းသည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် အမျိုးဘာသာသာသနာ ကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပြီး နိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးနိုင်သော နိုင်ငံ့သားကောင်းသမီးကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ရည်မှန်းပြီး ကြိုးစားသင်ယူလေ့လာဆည်းပူးကြရန် တိုက်တွန်းပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယနေ့ ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီးများအနက် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၆၇)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၂)ဦး၊ စုစုပေါင်း(၁၀၉)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် (၃၀-၃-၂၀၂၆ မှ ၁၀-၄-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)