မတ်- ၁၃ ( သောကြာနေ့ )
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက်လာတဲ့ ဂျပန်မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်သူများက ရုရှားအလူမီနီယံကုမ္ပဏီကြီး ရုဆော Rusal နဲ့ ဆွေးနွေးမှုများ အပြင်းအထန်လုပ်လာတယ်လို့ ဘလွန်းဘာဂ်သတင်းဌာနက အဆိုပါ ကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ရုဆော အလူမီနီယံက အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုအောက်တွင် မရှိပေမဲ့ ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ဂျပန်ကုမ္ပဏီများက ၂၀၂၂ ကတည်းက ဝယ်ယူမှုများကို ဆန္ဒအလျောက် ရပ်ဆိုင်းခဲ့ပြီး ပင်လယ်ကွေ့နိုင်ငံတွေက အလူမီနီယံ ထုတ်လုပ်သူများနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ကားဘီးများ၊ အင်ဂျင်ဘလောက်များနှင့် ဆလင်ဒါခေါင်းများကဲ့သို့သော မော်တော်ယာဥ်အစိတ်အပိုင်းများတွင် အသုံးပြုသည့် သတ္တုစပ်အလွိုင်းများကို ဝယ်ယူရန် ညှိနှိုင်းမှုများ ပြုလုပ်နေတာက တစ်ပတ်ခန့်ကြာနေပြီဖြစ်ပြီး အချို့သော သဘောတူညီချက်များက အပြီးသတ်နိုင်မယ့် အခြေအနေမှာ ရှိနေတယ်လို့ ဖော်ပြပါတယ်။ "ကျနော်တို့က တရားဝင်မှတ်ချက်မပေးနိုင်ပါဘူး" လို့ ရုဆော ကိုယ်စားလှယ်တစ်ဦးက ဖိုဘီရုရှား သတင်းဌာနကိုပြောပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်အတွင်း ရုဆောက ၎င်းရဲ့ဝယ်လိုအား ထက်ဝက်ခန့်ကို ဥရောပဖောက်သည်တွေကနေ အာရှဈေးကွက်ဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၂၅ မှာလည်း ရုရှားအလူမီနီယံဆိုင်ရာ ရောင်းချပေးမှု အီးယူခွဲတမ်းကို ထပ်မံလျှော့ချခဲ့ပါတယ်။ တောင်ကိုရီးယားသည် ရုရှားအလူမီနီယမ်ကို အသုံးပြုတဲ့ နိုင်ငံထဲမှာ ပါဝင်ပြီး ဒီနှစ်ထဲမှာ တန်ချိန် ၅၀၀,၀၀၀ လောက်ဝယ်မယ်လို့ ခန့်မှန်းထားပါတယ်။
တောင်ကိုးရီးယား မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်သူ အနည်းငယ်ကလည်း ရုဆော နဲ့ ဆွေးနွေးနေပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန် ကားထုတ်လုပ်တဲ့ လုပ်ငန်းအားလုံး နဲ့ ကမ္ဘာလုံးဆိုင်ရာ အလူမီနီယံ ထုတ်လုပ်မှုရဲ့ ၁၀ % ခန့်က ပါရှန်ပင်လယ်ကွေ့ ကုန်စည်ဈေးကွက်က လာတာဖြစ်ပါတယ်။ ဂျပန်ထုတ်လုပ်သူများ က အရေးပေါ်လိုအပ်နေသော ထောက်ပံ့ရေးပစ္စည်းများကို လုံခြုံစေရန် ရုရှားကုမ္ပဏီနှင့် ကာလရှည်စာချုပ်များ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။
အီရန်အပေါ် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုမှ စတင်ခဲ့တဲ့ အဆိုပါစစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး တင်ပို့ရောင်းချမှုများ အနှောင့်အယှက်ဖြစ်ကာ စွမ်းအင်နှင့် ကုန်ပစ္စည်းများ အစုလိုက်အပြုံလိုက် ထိခိုက်ခဲ့ပါတယ်။ အလူမီနီယမ်ဘာရိန်း နဲ့ အီမရိတ်ဂလိုဘယ် အလူမီနီယံ ကုမ္ပဏီနှစ်ခုစလုံးသည် ဂျပန် နဲ့ တောင်ကိုရီးယားသို့ ကုန်ပစ္စည်းများ အဓိကတင်ပို့သူများဖြစ်ပြီး တင်ပို့မှု အားလုံးကို ရပ်ဆိုင်းထားရပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment