မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၆၂ ဦးအား မြဝတီမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ကျွန်းတောလမ်းရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်း ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၆၂ ဦးအား မြဝတီမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ကျွန်းတောလမ်းရှိ အထည်ချုပ်စက်ရုံဟောင်းအတွင်း ဖမ်းဆီးရမိ






နေပြည်တော်၊ မတ် ၂ဝ

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက် နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ကျွန်းတောလမ်း အနီးတစ်ဝိုက်တွင် မြန်မာနိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေသည့် ပြည်ပနိုင်ငံ သားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးရာ မတ် ၂၀ ရက် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် အဆိုပါလမ်းရှိ အထည်ချုပ် စက်ရုံဟောင်းအတွင်း ပုန်းအောင်းနေသည့် တရုတ်နိုင်ငံသား အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၁ဦး စုစုပေါင်း ၆၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ် နိုင်ငံသားအား သက်ဆိုင်ရာ၌ ထိန်းသိမ်းထားရှိပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁)/ ၁၃(၁)အရ အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)