ဥရောပသားတွေက အာဖရိကသားတွေကို ကျွန်ပြုခဲ့တဲ့ ကိစ္စအား ရာဇဝတ်မှုအဖြစ်သက်မှတ်ရန်အတွက် ကုသမဂ္ဂမှာ တင်သွင်းတော့မယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥရောပသားတွေက အာဖရိကသားတွေကို ကျွန်ပြုခဲ့တဲ့ ကိစ္စအား ရာဇဝတ်မှုအဖြစ်သက်မှတ်ရန်အတွက် ကုသမဂ္ဂမှာ တင်သွင်းတော့မယ်





မတ် - ၂၀ ( သောကြာနေ့ ) 

ဂါနာနိုင်ငံက ဦးဆောင်တဲ့ အာဖရိကတိုက် ရှေ့နေများအဖွဲ့တစ်ဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) တွင် အတ္တလန္တိတ်ဖြတ်ကျော် ကျွန်ကုန်ကူးမှုလုပ်ခဲ့တဲ့ ဥရောပနိုင်ငံတွေကို  “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကြီး” အဖြစ် ကြေညာရန် အဆိုပြုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံပေးဖို့ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအား တိုက်တွန်းထားပါတယ်။ 

အတ္တလန္တိတ်ဖြတ်ကျော် ကျွန်ကူးသန်းရောင်းဝယ်မှုမှာ နစ်နာခဲ့ရတဲ့သူတွေ အတွက် အပြည်ပြည်ဆိုင်ရာ အောက်မေ့ဖွယ်နေ့  မတ်လ ၂၅ ရက်နေ့တွင် အခြေအတင်ဆွေးနွေးမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂါနာက အထက်ပါအဆိုကို တင်သွင်းရန် စီစဉ်ထားပါတယ်။ အဲ့ဒိအဆိုကို အာဖရိကသမဂ္ဂ (AU) အဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ က ကျောထောက်နောက်ခံပြုထားပါတယ်။ 

အာဖရိကရှေ့နေများသမဂ္ဂ (PALU) ရဲ့ ဗုဒ္ဓဟူးနေ့ ကြေငြာချက်တစ်ခုတွင် ၎င်းတို့အဖွဲ့က ဂါနာ၊ AU တို့နှင့်အတူ ရပ်တည်နေပြီး အစိုးရများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ထောက်ခံရန် တောင်းဆို ထားပါတယ်။ "လူသားတွေကို လူလို့မဆက်ဆံခဲ့တာ၊ ခွဲခြားဆက်ဆံတာ နဲ့ နှစ်ရှည်လများကျွန်ပြုခဲ့တာတွေက လုံးဝ ရာဇဝတ်မှုကြီး တစ်ခုဖြစ်ပါတယ်။ သူတို့တွေက လွဲပြီး အခြားဘယ်သူတွေမှ မလုပ်ခဲ့ကြပါဘူး" လို့ ၎င်းအဖွဲ့က ဆိုပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)