Pages

Pages

အိန္ဒိယက ဘင်္ဂလာဒေ့ရှ်ကို ဒီဇယ်ရောင်းပေးမယ်


မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ထောက်ပံ့ရေး ပြတ်လပ်မှု ကြုံတွေ့နေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အိန္ဒိယက ဒီဇယ်ဆီ ရောင်းပေးမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် တနင်္ဂနွေကတည်းက ဘင်္ဂလားဒေ့ရှ်မှာ လောင်စာဆီကိုခွဲတမ်း နဲ့ ထုတ်ပေးနေရပါတယ်။ 

နယူးဒေလီက ပါဘာတီပူနယ်စပ်ကိုဖြတ်ပြီး ပိုက်လိုင်းမှတစ်ဆင့် ဒီဇယ်တန်ချိန် ၅၀၀၀ ပေးဝေမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရေနံကော်ပိုရေးရှင်း (BPC) ဥက္ကဋ္ဌ က ပြောပါတယ်။ “ကျနော်တို့ အိန္ဒိယနဲ့ သဘောတူညီမှုရပြီးပါပြီ။  အဲဒီသဘောတူညီချက်အရ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို နှစ်စဉ် ဒီဇယ်တန်ချိန် ၁၈၀,၀၀၀ ကို ပိုက်လိုင်းကနေတစ်ဆင့် ရောင်းပေးမှာပါ။  အခုရောက်လာတဲ့ ဒီဇယ်တန်ချိန် ၅,၀၀၀ ဟာ အဲဒီသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” လို့ မနေ့က ANI သတင်းဌာနကို ပြောပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment