မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန် ကွန်ဂရက်မှ ဒီမိုကရက်တစ်လွှတ်တော်အမတ်များက သမ္မတ ဒေါ်နယ်ထရမ့် သည် အီရန်ကိုတိုက်တဲ့ စစ်ပွဲရဲ့ ရည်ရွယ်ချက် နဲ့ စစ်ရေးရည်မှန်းချက်ကို သိသာထင်ရှားသော အဖြေမရသေးတဲ့ အတွက်ကြောင့် အထက်လွှတ်တော်အမတ်များနဲ့ အုပ်ချုပ်ရေးအရာရှိများတို့ တွေ့ဆုံရှင်းလင်းပွဲများကိုလုပ်ရာ ဒီမိုကရက်တွေက အီရန်တွင် အမေရိကန်တပ်များကို မြေပြင်ထိုးစစ်ဝင်ခိုင်းမှာကို စိုးရမ်နေပါတယ်။
မနေ့က အထက်လွှတ်တော် လက်နက်ကိုင် ဝန်ဆောင်မှု ကော်မတီအဖွဲ့ဝင်များ နဲ့ တံခါးပိတ် ရှင်းလင်းပွဲ အပြီးတွင် အထက်လွှတ်တော်အမတ် ရစ်ချက်ဘလူမန်တယ် က အစိုးရအဖွဲ့အနေနဲ့ အီရန်သို့ အမေရိကန် တပ်ဖွဲ့များ စေလွှတ်နိုင်ခြေရှိနေတယ် လို့ ပြောပါတယ်။
“အလားအလာရှိတဲ့ ရည်မှန်းချက်တစ်ခုခုကို ပြီးမြောက်အောင်လုပ်ဖို့ အီရန်မြေပြင်မှာ အမေရိကန်တပ်တွေ ဖြန့်ကျက်သွားဖို့ လမ်းကြောင်းပေါ်ကို ရောက်နေပုံရတယ်” လို့ ဘလူမန်တယ် က သတင်းထောက်များအား ပြောကြားပြီး သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားပါတယ်။
ဥပဒေပြုအမတ်များက စစ်ပွဲကုန်ကျစရိတ်၊ မျှော်မှန်းထားတဲ့ကြာချိန်နှင့် အမေရိကန်ဝန်ထမ်းများအတွက် အန္တရာယ်များအကြောင်း ရှင်းလင်းပြတ်သားစွာ ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းကပြောခဲ့ပါတယ်။ “အမေရိကန် ပြည်သူတွေဟာ စစ်ပွဲရဲ့ကုန်ကျစရိတ်၊ ယူနီဖောင်းဝတ်ထားတဲ့ သားသမီးတွေရဲ့ အန္တရာယ်နဲ့ ဒီစစ်ပွဲရဲ့ အရှိန်အဟုန်နဲ့ ပိုမိုကျယ်ပြန့်လာနိုင်တဲ့ အလားအလာတွေအကြောင်း အမေရိကန်ပြည်သူတွေက အစိုးရကပြောခဲ့တာထက် အများကြီး ပိုသိဖို့လိုပါတယ်” လို့ ပြောပါတယ်။
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျန်နီရှာဟန် က အလားတူ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် ပြောကြားခဲ့ပြီး အစိုးရပိုင်းက ရှင်းလင်းပြတ်သားမှုကို ပေးရမည့်အစား နောက်ထပ်တောင်းဆိုမှုတွေကိုပဲ လုပ်နေတယ် လို့ သတိပေးခဲ့ပါတယ်။
အိမ်ဖြူတော်က အီရန်သို့ တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားခြင်းကို ငြင်းဆိုထားသော်လည်း အကြီးစား မြေပြင်စစ်ဆင်ရေးအတွက် မည်သည့်အစီအစဉ်ကိုမျှ ငြင်းဆိုထားခြင်း မရှိပါဘူး။
REF: RT
#News #MNP

No comments:
Post a Comment