Pages

Pages

မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်ဖြေဆို



မိတ္ထီလာ   ၊မတ် ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပရာ မြို့နယ်အတွင်းရှိစာစစ်ဌာနကိုးခုတွင် ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော် ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။

အဆိုပါစာစစ်ဌာန ကိုးခုဖြစ်သည့် အထက(၁)၊ ထက(၂) ၊အထက(၃)၊ အထက(၄)၊ အထက(၅)၊ အထက(၆)၊ အထက(‌ရေဝေ)၊ အထက(တောမ)နှင့် အထက(အလည်ရွာ)တို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသူကျောင်းသား  ၄ဝဝဝ ကျော်က မြန်မာဘာသာရပ်ကို ယနေ့စတင်ဖြေဆိုကြသည်။ စာစစ်ဌာနများအလိုက် ကျောင်းသူကျောင်းသားများ  အဆင်ချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက်  တက္ကသိုလ်ဝင်တန်းစာမေးပွဲလုံခြုံရေး ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ကြည့်ရှုစစ်ဆေးကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ချမ်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment