သုံးခွမြို့နယ်အတွင်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ်အတွင်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်



သုံးခွ   ၊ မတ် ၁၀

စားသုံးသူဦးစီးဌာန စားသုံးသူများအသုံးပြုမည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စားသုံသူရေးရာဦးစီးဌာန၊ ကျန်းမာရေး​ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အိမ်သုံးလျှပ်စစ်ပစ္စည်းရောင်းချသည့်ဆိုင်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားမှု ရှိ/မရှိကို မတ် (၆) ရက်နေ့မွန်းလွဲ (၂) နာရီအချိန်က အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဥ်း၍ စားသုံးသူများအသုံးပြု့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များပါရှိမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား (၁၀) မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့က အပတ်စဥ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)