၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုနှစ်မှုကို ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ဖြင့် စတင်ကြားနာစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုနှစ်မှုကို ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ဖြင့် စတင်ကြားနာစစ်ဆေး


နေပြည်တော်၊ မတ် ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်လည်းကောင်း အောင်မြင်စွာကျင်းပပေးခဲ့ပြီး ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) အတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ပုဒ်မ ၆၈ နှင့် နည်းဥပဒေ ၁၁၂ တို့အရ တင်သွင်းလာသည့် ကန့်ကွက်လွှာအမှုနှစ်မှုကို ယမန်နေ့က စတင်ကြားနာစစ်ဆေးသည်။

ယင်းအမှုများကို ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ (က) (၁) အရ ၂၃-၂-၂၀၂၆ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၆ နှင့် အမိန့်အမှတ်၊ ၂/၂၀၂၆ တို့ဖြင့် ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ကို ဖွဲ့စည်းခဲ့သည်။

ယနေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၂၅)၊ လျှောက်ထားသူ ဒေါက်တာကောင်းထက်ခိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးပေါင်ဇလန်း (ဇိုမီးအမျိုးသားပါတီ) အမှုကိုလည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၂၅)၊ လျှောက်ထားသူ ဦးဝင်းကြူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးခိုင်ဦး (ပြည်သူ့ပါတီ) အမှုကိုလည်းကောင်း စတင်ကြားနာစစ်ဆေးကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)