မြောက်ဥက္ကလာပ၊ မတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရောက်ရှိနေသည့် ယာယီနေရပ် စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးသူက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရပ်ကွက်(၁၉)ခု ၊ ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု ၄၄၂ စုရှိ လူဦးရေ ၁၄၃၆ ဦးရှိရာ တစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် အောက်တိုဘာ ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလလများ အတွက် သုံးလစာငွေကျပ် ခြောက်သောင်းကျပ် စုစုပေါင်း ငွေကျပ် ၈၆၁၆၀၀၀၀ ကျပ်တိတိအား ရပ်ကွက်အလိုက်နေ့ခွဲရက်များခွဲ၍ လက်ဝယ် အရောက် ထောက်ပံ့ပေးမည်ဖြစ်ရာ ခရီးလွန် နေသူများကိုလည်း သတ်မှတ်ရက်များတွင် ဆက်လက် ထောက်ပံ့ပေးမည် ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး
#News







No comments:
Post a Comment