Pages

Pages

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ






နေပြည်တော်၊ မတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အား ၂၀၂၆ခုနှစ်၊ မတ်လ (၆) ရက်နေ့ (၁၀၃၀) နာရီချိန်တွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပါတီချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးမြင့်ကိုကို တို့တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့်အတူ အဖွဲ့ဝင် (၃) ဦး တက်ရောက်ခဲ့သည်။


#News

No comments:

Post a Comment