မတ် - ၅ ( ကြာသပတေးနေ့)
၂၀၂၄ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဟစ်ဇ်ဘိုလာများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် အစ္စရေးတပ်ဖွဲ့များက လက်ဘနွန်တောင်ပိုင်းနယ်မြေများသို့ ပိုမိုနက်ရှိုင်းစွာ ရွေ့လျားဝင်ရောက် လာခဲ့ပြီး နောက်ထပ်နေရာများကို ထပ်မံသိမ်းပိုက်နေပါတယ်။ အဲ့ဒိစစ်ရေးလှုတ်ရှားမှုတွေက ဒေသတွင်းတွင် အစ္စရေးရဲ့ နယ်မြေကျူးကျော်သိမ်းပိုက်တဲ့ ချဲ့ထွင်မှုတစ်ခုဖြစ်နေပါတယ်။
ဟစ်ဇ်ဘိုလာလက်နက်ကိုင်တွေက အစ္စရေးဂျူးနိုင်ငံကို ဒုံးကျည်ဖြင့် ပစ်ခတ်မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက လက်ဘနွန်ကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့ဝင်များသည် အင်္ဂါနေ့တွင် လက်ဘနွန်တောင်ပိုင်းရှိ နေရာအများအပြားသို့ ဝင်ရောက်ခဲ့ပြီး နယ်စပ်ကျေးရွာ ၈၀ ကို ဒေသအတွင်းမှ ပြောင်းရွှေ့နေထိုင်ရန် ဒေသခံများကို ပြောကြားခဲ့ပါတယ်။
လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ အပြန်အလှန် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးကာ ရာနှင့်ချီ ဒဏ်ရာရခဲ့ပြီး အရပ်သား ထောင်ပေါင်းများစွာ တောင်ပိုင်းနယ်စပ် ဒေသများမှ ထွက်ပြေးခဲ့ကြရတယ် လို့ ဆိုပါတယ်။ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ အရှိန်မြင့်လာတာကြောင့် အစ္စရေးနဲ့ ပြောင်ကျကျတိုက်ခိုက်မှုတွေ လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဟစ်ဇ်ဘိုလာဘက်က ပြောပါတယ်။
အစ္စရေးဘက်ကတော့ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကို အပြုတ်တိုက်နိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနဲ့ ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေကို ဖယ်ရှားခြင်းမရှိဘဲ စစ်ပွဲကို အဆုံးမသတ်နိုင်ဘူးလို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဖီဒီဖရင် က ပြောပါတယ်။
“ ကျနော်တို့က အီရန်ကိုတိုက်ခိုက်သလိုမျိုး လုပ်နေတာမဟုတ်ပါဘူး ။ ဟစ်ဇ်ဘိုလာတွေရဲ့ အစ္စရေးကို တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်ပြီး အဆုံးသတ်ဖို့ လုပ်နေတာပါ။ လက်ဘနွန်ဘက်ကနေ ကျနော်တို့ကို စစ်ရေး အရခြိမ်းခြောက်မှုတွေ မပျောက်ကွယ်မချင်း တိုက်ပွဲကို အကြာကြီးတိုက်ပြီး အဆုံးသတ်ပစ်မှာပါ”လို့ အစ္စရေး စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယယ်ဇာမီယာ က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။
ဂါဇာဒေသမှာ ဟားမတ်စ်စစ်သွေးကြွတွေနဲ့ လပေါင်းများစွာကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ အစ္စရေးတပ်ဖွဲ့ဝင်တွေက လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြင်းထန်စွာ တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။
နိုင်ငံရေးသုံးသပ်သူတွေကတော့ အစ္စရေးက နယ်မြေတွေကျူးကျော်ဖို့အတွက် အဲ့ဒိအခွင့်အရေးကို စောင့်နေတာပါ။ ဟစ်ဇ်ဘိုလာတွေကို လက်နက်ချဖို့အတွက် လက်ဘနွန်အစိုးရက ကြိုးစားနေပေမဲ့ မအောင်မြင်ရင်တော့ အစ္စရေးက လက်ဘနွန်တောင်ပိုင်းက နယ်မြေတွေကို သိမ်းယူသွာနိုင်တယ် လို့ ခန့်မှန်းထားကြပါတယ်။
REF: RT
#News

No comments:
Post a Comment