တောင်အာဖရိက မှာ လူမိုက်ဂိုဏ်းတွေကို ရှင်းဖို့ အငြိမ်းစားရဲတွေ လုပ်ငန်းခွင်ထဲကို ပြန်ဝင် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်အာဖရိက မှာ လူမိုက်ဂိုဏ်းတွေကို ရှင်းဖို့ အငြိမ်းစားရဲတွေ လုပ်ငန်းခွင်ထဲကို ပြန်ဝင်




မတ် - ၉ ( တနင်္လာနေ့ ) 

တောင်အာဖရိကရဲဌာန (SAPS) မှ နုတ်ထွက် သို့မဟုတ် အငြိမ်းစားယူခဲ့သော အကြီးတန်းစုံထောက်များအား အနောက်ကိတ်ပ်မြို့ တွင် ပြန်လည်စာရင်းသွင်းထားကြောင်း တာဝန်ရှိသူများက ကြေညာခဲ့ပါတယ်။ 

ရဲ အင်အား လျော့နည်းလာလို့ ပြည်နယ်တစ်ဝှမ်းမှာ ရာဇ၀တ်မှုများ ပြင်းထန်လာလို့ ရဲတပ်ဖွဲ့အင်းအား စုဆောင်းရေး ကော်မတီက စုံထောက် ၆၂ ဦးကို ပြန်လည်ခေါ်ယူလိုက်တာပါ။ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြန်လည်အမှုထမ်းခြင်းက ရဲ အင်အား အရေအတွက်ကို အားကောင်းစေရုံသာမက ပြည်နယ်တွင်း ရာဇ၀တ်မှုများကို တိုက်ဖျက်ရန် လိုအပ်သော အရေးပါသော စုံစမ်းစစ်ဆေးရေးစွမ်းရည်များကိုလည်း ပြန်လည်မြင့်တက်လာစေတယ် လို့ ပါရှိပါတယ်။ 

"အဲ့စုံထောက်အဖွဲ့ကို ပြန်လည်စာရင်းသွင်းခြင်းက အုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် ပျက်စီးသွားတဲ့ ပြည်နယ်တွင် စုံစမ်းရေးစွမ်းရည်ကို မြှင့်တင်ရာတွင် အထောက်အကူပြုမှာဖြစ်သလို စုံထောက်များရဲ့ ကျွမ်းကျင်မှုက ရေတိုဝင်ရောက်စွက်ဖက်မှုတစ်ခုမျှသာ မဟုတ်သလို ငယ်ရွယ်သော စုံထောက်များအတွက် အဖိုးတန်သော ကျွမ်းကျင်မှုများစွာကို ရရှိစေနိုင်တဲ့ ရေရှည်အကျိုးဖြစ်ထွန်းစေမှာပါ” လို့ ပြောသွားပါတယ်။ 

အဲ့ဒိပြန်လည်ခန့်ထားမှုတွေကို လွှတ်တော်မှာဆွေးနွေးပွဲ ၇ ကြိမ်လုပ်ပြီးမှ သဘောတူညီခဲ့တာပါ။ ရဲတပ်ဖွဲ့စုပေါင်းကော်မတီကလည်း စုံထောက်လုပ်ငန်းတွေ အားကောင်းစေရေး အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပြီး လုံလောက်သောစွမ်းရည်သည် ထိရောက်သော စုံစမ်းစစ်ဆေးမှုများနှင့် အမှုများကို အောင်မြင်စွာတရားစွဲဆိုနိုင်ရေးအတွက် အရေးကြီးကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)