တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတားအား ပြန်လည်ထိန်းချုပ်ကာ ထားဝယ်-မြိတ်သွား ဆက်သွယ်ရေး လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတားအား ပြန်လည်ထိန်းချုပ်ကာ ထားဝယ်-မြိတ်သွား ဆက်သွယ်ရေး လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့




နေပြည်တော်၊ မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွား ကားလမ်းမ ကြီးပေါ်တွင် အဓိကအချက်အချာကျသည့် ဝင်းဝတံတား၌ တံတားလုံခြုံရေးဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူများက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ Drone များ အသုံးပြု၍ သာလွန်အင်အားဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဆိုပါတံတားနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ယာယီစိုးမိုးကာ ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ပိတ်ဆို့ခဲ့သည်။

ထိုသို့ အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ သဖြင့် တံတားလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် သောင်းကျန်းသူများအား ရွပ်ရွပ်ချွံချွံပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အား မမျှသည့်အတွက် မတ်လ ၁၂ ရက်တွင် အဆိုပါနေရာမှ စနစ်တကျဖြင့် ဂုံညင်းဆိပ်နေရာ သို့ ယာယီဆုတ်ခွာခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လိုအပ်သည့် ပြင်ဆင် စုဖွဲ့မှုများဆောင်ရွက်ခဲ့သည်။

ထို့နောက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တံတားနေရာ တစ်ဝိုက်အား ပြန်လည်ထိန်းချုပ်နိုင်ရေးလိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ မတ် ၂၈ ရက်တွင် စီတောကျေးရွာအား လည်းကောင်း၊ မတ် ၂၉ ရက်တွင် ရေချိုချောင်းကျေးရွာအားလည်းကောင်း၊ ၃၀ ရက်တွင် ပွိုင့်-၁၆၈ တောင်ကုန်း နှင့် ချောင်းဝပြင်ကျေးရွာအားလည်းကောင်း အဆင့်ဆင့်ပြန်လည်ထိန်းချုပ်ခဲ့ပြီး ယနေ့ တွင် ဝင်းဝရဲစခန်းဟောင်းနေရာနှင့် ဝင်းဝတံတားနေရာ တစ်ဝိုက်တို့အား တပ်မတော် စစ်ကြောင်းများက အပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် ထားဝယ်-မြိတ် သွားကားလမ်းတွင် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်သည်။

ယခုကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဝင်းဝတံတား အား တပ်မတော်စစ်ကြောင်းများက အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး ထားဝယ်-မြိတ် သွား ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသ တွင်း ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်တော့မည် ဖြစ်သည့် အတွက် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်အပေါ် များစွာကျေးဇူးတင် ပျော်ရွှင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)