မတ် - ၁၉ ( ကြာသပတေးနေ့ )
အမေရိကန် အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ တယ်လ်ဆီဂတ်ဘက် က ပါကစ္စတန်မှာ ဆန်းသစ်တီထွင် နေတဲ့ ဒုံးတွေကို အမေရိကန်အထိ လှမ်းပစ်နိုင်လောက်တဲ့ အနေအထားကိုရောက်နေပြီလို့ ပြောသွားပါတယ်။
သူမက အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ နိုင်ငံများစာရင်းကို ပြုလုပ်ပြီးနောက် ၂၀၂၆ အမေရိကန်ကိုခြိမ်းခြောက်နိုင်တဲ့ နိုင်ငံများ နှစ်ပတ်လည် အစီရင်ခံစာတွင် ပါကစ္စတန်ကို ရုရှားလိုနိုင်ငံတွေနဲ့ အတူ စာရင်းထဲကို ထည့်သွင်းလိုက်ပါတယ်။ "ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်နှင့် ပါကစ္စတန်တို့က ကျမတို့ရဲ့ မွေးရပ်မြေကနေ အဝေးမှာရှိနေပေမဲ့ နျူကလီးယားထိပ်ဖူးတပ်နဲ့ သမားရိုးကျ ဒုံးတွေကို ဆန်းသစ်တီထွင် နေကြပါတယ်” လို့ ဂတ်ဘက် က အမေရိကန် အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကို မနေ့က ပြောကြားခဲ့ပါတယ်။ “ပါကစ္စတန်ရဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် တီထွင်မှုက အမေရိကန်ကို ထိထိရောက်ရောက် ပစ်ခတ်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ အဲ့ဒိထဲမှာ တိုင်းချင်းပစ် ICBM များ လည်း ပါဝင်နိုင်ဖွယ်ရှိတယ်" လို့ ဆိုပါတယ်။
သူမက လာမယ့် ၂၀၃၅ မှာ အမေရိကန်ကိုခြိမ်းခြောက်လာနိုင်တဲ့ အခြားနိုင်ငံတွေရဲ့ ဒုံးကျည်တွေက လက်ရှိ ၃၀၀၀ ကျော်ကနေ ၁၆၀၀၀ ကျော်အထိ ဖြစ်လာနိုင်တယ်လို့ ကော်မတီကို ပြောကြားခဲ့ပါတယ်။
အမေရိကန် - ပါကစ္စတန် ဆက်ဆံရေးက လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း အတက်အကျရှိနေပြီး ပါကစ္စတန်သည် စစ်အေးခေတ်တွင် အမေရိကန်၏ မဟာမိတ်ဖြစ်ခဲ့ပါတယ်။ အရှေ့တောင် အာရှစာချုပ်အဖွဲ့ (SEATO) နှင့် ဗဟိုစာချုပ်အဖွဲ့ (CENTO) အပါအဝင် အမေရိကန် ဦးဆောင်တဲ့ အဖွဲ့တွေမှာ ပါဝင်ခဲ့ပေမဲ့ “ပါကစ္စတန် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားတဲ့ ဘိုင်ဒန်အစိုးရတုန်းက ပါကစ္စတန်အပေါ်လုပ်တဲ့ ဆက်လက် ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ နည်းပညာသစ်များ ရယူခြင်းအား တားဆီးရန် ကြိုးစားနေပါတယ်”လို့ ဝါရှင်တန်အခြေစိုက် ပညာရှင် ရှုဂျာ နာဝက်ဇ် က ပြောသွားပါတယ်။
ပါကစ္စတန်က ထရမ့်ဖန်တီးထားတဲ့ ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ပါသလို တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခါးပတ်လမ်းသဘောတူညီချက် နဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာလည်း ပါဝင်နေပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment