နိုင်ဂျီးရီးယားက ဥရောပကို ဓာတ်ဆီ၊ ဒီဇယ်ရောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ဂျီးရီးယားက ဥရောပကို ဓာတ်ဆီ၊ ဒီဇယ်ရောင်းပေးဖို့ အသင့်ဖြစ်နေပြီလို့ ဆို



မတ် - ၃၁ ( အင်္ဂါနေ့ ) 

နိုင်ဂျီးရီးယားနိုင်ငံ ဒန်ဂိုတီ ရေနံသန့်စင်စက်ရုံက နယ်သာလန်အပါအဝင် ဥရောပသို့ လောင်စာဆီတင်ပို့မှု တိုးချဲ့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး နယ်သာလန်နိုင်ငံကနေ့စဉ်ထုတ် သတင်းစာ ဒီတယ်လီဂရပ် မှာ မနေ့က ဖော်ပြပါရှိပါတယ်။ 

ဒန်ဂိုတီအုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်သိုနီချီဂျီနာ က အဆိုပါ ရေနံချက်စက်ရုံသည် လောင်စာဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ အာဖရိက နိုင်ငံ ၁၂ ဘက်သို့ လောင်စာဆီ တန်ချိန် ၄၅၀,၀၀၀ တင်ပို့ပြီးသည့်နောက် ဥရောပနိုင်ငံတွေကိုလည်း တင်ပို့နိုင်သည့် အနေအထားတွင် ရှိနေတယ်လို့ ဆိုပါတယ်။ 

"ဥရောပမှ ဝယ်လိုအား တိုးလာမှုအတွက်ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ ချီဂျီနာ က ပြောကြားပြီး ရေနံချက်စက်ရုံက ဓာတ်ဆီနှင့် ဒီဇယ်ဆီ နှစ်မျိုးလုံးကို ညီတူညီမျှ အတိုင်းအတာဖြင့် ဖြန့်ဖြူးပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

ဥရောပသမဂ္ဂ (EU) နိုင်ငံများက ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ဖြစ်လာတဲ့ ရေနံ ပြတ်တောက်မှု အတွက် လောင်စာဆီထောက်ပံ့မှုကို ရှာဖွေနေပါတယ်။ အီးယူအဖွဲ့တစ်ခုလုံးရဲ့ တစ်ရက်သုံးတဲ့ ရေနံပမာဏက စည်ပေါင်း ၁၀ သန်းအထိ ရှိပါတယ်။ ကုန်းလမ်းသွားလာမှုအတွက် တစ်နေ့လျှင် စည်ပေါင်း ငါးသန်းကျော်ရှိကြောင်း၊ လေကြောင်းနှင့် ပို့ဆောင်ရေးတွင် ပေါင်းနှစ်သန်းနီးပါးနှင့် စက်မှုလုပ်ငန်းနှင့် ရေနံဓာတုပစ္စည်း ၃ ဒသမ ၅ သန်းကို သုံးစွဲနေပါတယ်။ နယ်သာလန်တစ်နိုင်ငံတည်းတွင်ပင် နေ့စဉ်ဝယ်လိုအားက  ကုန်းလမ်းနှင့်စက်မှုလုပ်ငန်း ၂ခုပေါင်း စည်ပေါင်းတစ်သန်းခွဲနီးပါးရှိကြောင်း အဲ့ဒိသတင်းစာက ဖော်ပြပါတယ်။ 

လာဂို့စ်မြို့တွင် တည်ရှိသော ဒန်ဂိုတီ ရေနံချက်စက်ရုံသည် တစ်ရက်လျှင် စည်ပေါင်း ၆သိန်းခွဲ ထုတ်လုပ်နိုင်ပြီး  အာဖရိကရဲ့ အကြီးဆုံး သန့်စင်စက်ရုံဖြစ်ပါတယ်။ အီးယူဝယ်ယူသူများက ရုရှားသန့်စင်ပြီး လောင်စာဆီ ထောက်ပံ့မှုလမ်းကြောင်းကို စွန့်ပစ်လိုက်တဲ့အတွက် အခြားရွေးချယ်စရာများကို ရှာဖွေနေချိန်မှာ အဲ့ဒိစက်ရုံက ၂၀၂၄ မှာ နယ်သာလန်နိုင်ငံ ရော့တာဒမ်သို့ လေယာဉ်ဆီ တင်ပို့ခဲ့ကြောင်း သိရသည်။ စက်ရုံထုတ်တဲ့ ပမာဏက စိတ်ဝင်စားစရာကောင်းပေမဲ့ ဥရောပ လိုအပ်ချက်ကိုတော့ ဖြည့်ဆည်းရန်လုံလောက်မည် မဟုတ်ကြောင်း ရော့တာဒန် ဆိပ်ကမ်းအာဏာပိုင် ပြောရေးဆိုခွင့်ရှိသူ က မှတ်ချက်ပြုခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)