မြစ်သားမြို့နယ်၌ ကိုယ်ထူ ကိုယ်ထ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်၌ ကိုယ်ထူ ကိုယ်ထ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ



မြစ်သား   ၊ မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရစ်ကန်ကျေးရွာအုပ်စု ရွာအဝင် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းဖွင့်ပွဲကို မတ် ၇ ရက် နံနက် ၈ နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ပြည့်ဖြိုးဦး၊ အဖွဲ့ဝင်ဦးရွှေအောင်နှင့် မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းတို့က ကျေးရွာတွင်းကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများ ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရစ်ကန်ကျေးရွာအုပ်စု ရစ်ကန်ရွာအဝင် ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းကို ကျေးရွာနေပြည်သူ လူထု၏ ထည့်ငွေ (၈၃၈.၅၈၂၀၀) သန်းတို့ဖြင့် ကုန်ကျကာ လမ်းအရှည်ပေ (၃၀၀၀) ပေ၊ အကျယ် (၁၀) ပေ နှင့် (၆) လက်မထုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်း ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ကျေးရွာနေအိမ်ခြေ (၅၆၅) ရှိ ကျေးလက်နေပြည်သူ (၂၂၃၈) ဦးတို့၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်းလည်း သိရသည်။


ဝင်းမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)