ရန်ကုန် ၊ မတ် ၁
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ နောက်ဆုံးနေ့ ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က မြန်မာနိုင်င်ငံတွင် အကြီးကျယ်အခမ်းအနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ပြိုင်ပွဲများ၏ ကဏ္ဍအလိုက် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုအတွက် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် အာကာသဆိုင်ရာပြခန်းများစသည့် ပြခန်းများတွင်လည်း လာရောက်လေ့လာသူ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်းကားလျက်ရှိပြီး ပြိုင်ပွဲသို့ လာရောက်ကြသူများအား အအေးနှင့် မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကာ လာရောက်ကြသူများ အဆင်ပြေချောမွေ့စေရန်အတွက် YBS မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
ထို့ပြင် နေ့လယ်ပိုင်းနှင့် ညပိုင်းတို့တွင်လည်း စက်ရုပ်များ၏ သရုပ်ပြဖျော်ဖြေမှုများနှင့် အာကာသ ဆိုင်ရာပြခန်းများစသည့် ပြခန်းများတွင်လည်း လာရောက်လေ့လာသူများဖြင့် စည်ကားလျက်ရှိပြီး လာရောက်လေ့လာသူများက စက်ရုပ်များဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းနှင့် စက်ရုပ်များ၏ ကပြဖျော်ဖြေတက်ဆက်နေမှုများကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခြင်းများဖြင့် စည်ကားလျက်ရှိသည်။
မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာ ပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှ မတ်လ(၁)ရက်အထိ (၃)ရက်တိုင်တိုင် ကျင်းပခဲ့ပြီး မူလတန်းအဆင့်အတွက် အာကာသသူရဲကောင်း၊ အခြေခံပညာအလယ်တန်းဆင့်အတွက် စူးစမ်းလေ့လာ အာကာသကမ္ဘာနှင့် အခြေခံပညာအထက်တန်းအဆင့်အတွက် အနာဂတ်အာကာသ နည်းပညာခေါင်းစဉ်များဖြင့် ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ကြကာ အဆိုပါပြိုင်ပွဲဝင်လက်ရာများထဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆု (၁ဝ)ဆုအပြင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတိုင်းကို အသိအမှတ်ပြုလက်မှတ် Certificate နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment