မတ် - ၂၉ ( တနင်္ဂနွေနေ့ )
အမေရိကန် - အီရန် စစ်ပွဲက ဒုတိယလအတွင်း ဝင်ရောက်လာချိန်တွင် အစ္စရေးသည် အီရန်ကို “ကျယ်ပြန့်သော” တိုက်ခိုက်မှု လှိုင်းလုံးသုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး၊ အရှေ့အလယ်ပိုင်း ဒေသတွင်းသို့ အမေရိကန် စစ်ကူများ ထပ်မံစီးဆင်းလာနေပါတယ်။ ယီမင်ဟူသီသူပုန်များကလည်း ပထမဆုံးအကြိမ် စစ်ပွဲထဲကို တိုက်ရိုက် ပါဝင် လာခဲ့ပါတယ်။ လက်ဘနွန်ရှိ အီရန်နှင့် ဟစ်ဇ်ဘိုလာတို့က သူရဲကောင်းဆန်ဆန်တိုက်ခိုက်မှုများကို အစ္စရေး တောင်ပိုင်းရှိ နေရာအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ယီမင်ရှိ ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ က “အစကတည်းက ဟူသီသူပုန်တွေက အီရန်နဲ့ပူးပေါင်းပြီး တိုက်မယ်ဆိုတာ ကျနော်တို့တွေးပြီး ထားပါ။ အဲ့ဒိအတွက်လည်း ပြင်ဆင်ထားပြီးသာပါ။ ယီမင်ကနေ ပစ်တဲ့ဒုံးတွေကို ကျနော်တို့ ကြားဖြတ်တိုက်ခိုက်နိုင်ပါတယ်” လို့ ပြောသွားပါတယ်။
ဂျပန်မှာ အခြေစိုက်ထာတဲ့ ကုန်းရေနှစ်သွယ်ချေမှုန်းရေး သင်္ဘောဖြစ်တဲ့ ယူအက်စ်အက်စ် ထရီပိုလီ ကို အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ဒေသတွင်းရှိ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း နဲ့ ချိတ်ဆက်ခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။ စစ်ကူအသစ်တွင် အမေရိကန် သင်္ဘောသားနှင့် မရိန်းတပ်သား ၃,၅၀၀ ခန့်ပါပြီး ကမ်းကပ်စစ်ဆင်ရေးလုပ်ဖို့အတွက် လိုအပ်တဲ့ အရာတွေပါပါတယ်။
အစ္စရေးသည် အီရန်ကိုသာမက လက်ဘနွန်တွင်ပါ ကြီးမားသော ထိုးစစ်ကို ဆက်လက်ဆင်နွှဲခဲ့ပြီး စနေနေ့က IDFရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သတင်းထောက် သုံးဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုက အီရန်မြို့တော် တီဟီရန်က လူနေရပ်ကွက်ကို ထိမှန်ခဲ့တာကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက ကြီးမားစွာ ပျက်စီးခဲ့တဲ့ အဆောက်အအုံပျက်တွေအောက်မှာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြောင်း Press TV ရဲ့ သတင်းထောက် က အခင်းဖြစ်ပွားရာနေရာမှ သတင်းပေးပို့ခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အစ်ဖာဟန် နည်းပညာတက္ကသိုလ် နဲ့ တီဟီရန်ရှိ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့ အပါအဝင် နိုင်ငံ၏ ပညာရေးဆိုင်ရာ အဆောက်အအုံများနှင့် သုတေသနစင်တာများကို “တမင်တကာ”ရည်ရွယ်ပြီး တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။
“အီရန်အပေါ် အမေရိကန်-အစ္စရေး ရန်စမှုက သူတို့ရဲ့ရည်ရွယ်ချက်အစစ်အမှန်ကို ဆက်လက်ဖော်ပြနေပါတယ်။ တက္ကသိုလ်များ၊ သုတေသနဌာနများ၊ သမိုင်းဝင် အထိမ်းအမှတ်များနှင့် ထင်ရှားသော သိပ္ပံပညာရှင်များကို စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် ကျနော်တို့ရဲ့ သိပ္ပံဆိုင်ရာ အခြေခံအုတ်မြစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပျက်စီးစေရန် လုပ်ဆောင်နေပါတယ်” လို့ ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်မေးလ်ဘာဂဟာရီ က သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
အီရန်လခြမ်းနီအသင်းရဲ့ အဆိုအရ အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီနှောင်းပိုင်းမှစပြီး နေအိမ် ၆၄,၅၈၃ လုံးအပါအဝင် အနည်းဆုံး စာသင်ကျောင်း ၆၀၀ နှင့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၂၈၁ လုံးနှင့် အရပ်ဘက်အဆောက်အဦ ၈၅,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
REF: RT
#MNP News

No comments:
Post a Comment