အာဖဂန်တပ်ဖွဲ့တွေ သေတာ ထောင်နဲ့ ချီနေပြီလို့ ပါကစ္စတန်ဘက်ကပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဖဂန်တပ်ဖွဲ့တွေ သေတာ ထောင်နဲ့ ချီနေပြီလို့ ပါကစ္စတန်ဘက်ကပြော


မတ် - ၂ ( တနင်္လာနေ့ ) 

ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင် အသေအပျောက်က ၁၀၀၀ကျော်ပြီလို့ ပါကစ္စတန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့ကတည်းကနေ ဒီနေ့အထိ ပါကစ္စတန်ဘက်က အာဖဂန်နစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အနည်းဆုံး တာလီဘန်တိုက်ခိုက်ရေးသမားတွေနဲ့ မဟာမိတ်စစ်သွေးကြွ ၄၁၅ ဦး သေဆုံးပြီး ၅၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး က စနေနေ့က ၎င်းရဲ့ အိတ်စ်ဆိုရှယ်မီဒီယာပို့စ်မှာ ရေး တင်ခဲ့ပါတယ်။ 

အာဖဂန်နစ္စတန်နယ်စပ်ရှိ စစ်ဆေးရေးဂိတ် ၁၈၂ ခု၊ တင့်ကားများ၊ သံချပ်ကာယာဉ်များနှင့် အမြောက်ယူနစ် ၁၈၅ ခုတို့ ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ၎င်းအပြင် နိုင်ငံတစ်ဝှမ်းရှိ စစ်ရေးပစ်မှတ်  ၄၆ ခုကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

အာဖဂန်ဘက်ကတော့ ပါကစ္စတန်ဝန်ကြီး ထုတ်ဖော်ပြောကြားတဲ့ အသေအပျောက်စာရင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိပါဘူး။ အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ က နယ်စပ်တွင်ဖြစ်ပွားခဲ့တဲ့  သုံးရက်ကြာ တိုက်ပွဲတွေမှာ ပါကစ္စတန် စစ်သား ၁၂ ဦးနှင့် အရပ်သား တစ်ဦးအပါအဝင် လူ ၇၈ ဦး သေဆုံးခဲ့ကြောင်း၊ အာဖဂန်ဘက်မှာ စစ်သား ၁၃ ဦးကျဆုံးပြီး ကျန်သေဆုံးခဲ့သူအများစုမှာ အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သား  ၅၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကကတော့ ပတ်တီကာ ၊ ခို့စ် ၊ ကူနား ၊ နန်ဂါသာ နဲ့ ကန်ဒဟာ  ပြည်နယ်များတွင် အသေအပျောက်များခဲ့ကြောင်း ၎င်းရဲ့ သီးခြားထုတ်ပြန်ချက် ဖော်ပြခဲ့ပါတယ်။ 

နှစ်ဖက်စလုံးကတော့ တစ်ဖက်နဲ့ တစ်ဖက်ဖော်ပြတဲ့ ကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ အာဖဂန် တာလီဘန် တပ်ဖွဲ့ဝင်များသည် ပါကစ္စတန် နယ်ခြားစောင့် စခန်းများကို ပစ်ခတ်မှု အပြီး စစ်သား နှစ်ဦး သေဆုံး ခဲ့သည့်အတွက် တုံ့ပြန်သည့် အနေဖြင့် ပါကစ္စတန် နိုင်ငံ အနောက်ဘက် အိမ်နီးချင်း ကို သောကြာနေ့ အစောပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်။

အာဖဂန်ကလည်း တနင်္ဂနွေနေ့က ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုအပြီးတွင် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုအား လက်တုံ့ပြန်သည့် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)