မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ )
ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာက အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးကို ထောက်ခံအားပေးနေတဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒီလီယန် အား ပြစ်တင်ရှုတ်ချခဲ့ပြီး လွတ်လပ်မှုနှင့် လူ့အခွင့်အရေးများကို ဗုံးကျဲချရုံနဲ့ ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း မနေ့က ပြောသွားပါတယ်။
တနင်္လာနေ့တုန်းက ဗွန်ဒါလီယန်သည် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးသွားခဲ့ရတာကို ဂုဏ်ပြုသည့်အကြောင်း ပြောဆိုပြီး ယခုစစ်ပွဲသည် “လွတ်လပ်သော အီရန်နိုင်ငံဆီသို့ သွားရောက်နိုင်ရန်အတွက် လမ်းကြောင်းဖွင့်ပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အဲ့ဒိစကားနဲ့ ပတ်သက်ပြီး ကော်စတာက အီးယူသည် စည်းမျဉ်းများအခြေခံသော နိုင်ငံတကာအမိန့်ကို ကာကွယ်ရမှာဖြစ်ပြီး သံခင်းတမန်ခင်းနှင့် နိုင်ငံတကာဥပဒေများကို ဆက်လက်ထိန်းသိမ်းထားရန်လိုကြောင်း အခိုင်အမာပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
ဗွန်ဒါလီယန်ကတော့ စည်းမျဉ်းအခြေခံအမိန့်၏ ဆက်စပ်မှုကို မေးခွန်းထုတ်ခဲ့ပြီး "ဥရောပက ကုန်သွားလို့ ပြန်မရနိုင်တော့တဲ့ ကမ္ဘာကြီးအတွက် အုပ်ထိန်းသူ မဖြစ်နိုင်တော့ပါဘူး"လို့ ချေပလိုက်ပါတယ်။ အီးယူသံတမန်များ ညီလာခံအတွင်း သူတို့ ၂ ဦးရဲ့ မိန့်ခွန်းနှစ်ခုကို ၂၄ နာရီအတွင်း အပြန်အလှန် ပြောကြားခဲ့ကြပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံအချို့သည် အီးယူရဲ့ ကာကွယ်ရေးအသုံးစရိတ်၊ ယူကရိန်းကိုပေးရန် အကူအညီများ နဲ့ ရုရှားအပေါ်လုပ်မယ့် ပိတ်ဆို့အရေးယူမှုများ ကိစ္စတွေနဲ့ ပတ်သက်ပြီး အငြင်းအခုန်တွေ ဖြစ်ကာ သဘောထားကွဲလွဲမှု အက်ကြောင်းတွေ ထင်နေပါတယ်။
ယူကရိန်းအား ယူရို ဘီလီယံ ၉၀ ချေးငွေကိုပယ်ဖျက်တယ်ဆိုပြီး ဗီတိုအာဏာသုံးခဲ့တဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် က အသံထွက်ဆုံး အတိုက်အခံဖြစ်ခဲ့သလို စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ် ကလည်း "လက်နက်အပြိုင်အဆိုင် တပ်ဆင်ခြင်း" နဲ့ "စစ်ပွဲများတွင် ငွေများဖြုန်းတီးခြင်း" ကို ဝေဖန်ခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment