Pages

Pages

ကမ္ဘာ့ဘီလီယံနာ ၃၄၂၈ ယောက်ထဲမှာ ရုရှားက ၁၅၅ ယောက် အထိ တိုးတက်လာ




မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ ) 

၂၀၂၆ ဖိုဘီ ကမ္ဘာ့ဘီလီယံနာ စာရင်းထဲမှာ အမေရိကန်ဒေါ်လာနဲ့တိုင်းတာတဲ့ပိုင်ဆိုင်မှုရှိတဲ့ ရုရှားနိုင်ငံသား ဘီလီယံနာ ၁၄ ဦး အသစ် ပါဝင်လာခဲ့ပါတယ်။ ၎င်းတို့ထဲမှ ခုနစ်ဦးက စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရေး ဘက်က ဖြစ်ပါတယ်။ ( ၁ ဘီလီယံမှာ ကုဋေ ၁၀၀ ရှိပြီး သန်း ၁ ထောင်ရှိပါတယ်။ ) 

၂၀၂၂ ခုနှစ် ယူကရိန်း ပဋိပက္ခ ပြင်းထန်လာချိန်မှစ၍ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခံခဲ့ရသော်လည်း စာရင်းတွင် ရုရှားနိုင်ငံသား ၁၅၅ ဦးကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ရုရှား ဘီလီယံနာ ၁၅၅ ဦးရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုက ကန်ဒေါ်လာ ၆၉၆.၅ ဘီလီယံရှိပြီး ရုရှားသမိုင်းမှာ စံချိန်တင်အမြင့်ဆုံ ဖြစ်ပါတယ်။ 

ရုရှားသားတွေရဲ့ ကြွယ်ဝချမ်းသာမှုက အသွင်သဏ္ဍာန်သည် ပြောင်းလဲမှု ရှိပါတယ်။  စွမ်းအင်နှင့် သတ္တုတွင်းလုပ်ငန်းရှင်များက ရိုးရာဓနဥစ္စာကြွယ်ဝတဲ့ သူဌေးတွေကို တစ်ခါတရံ ကျော်တက်သွားပြီး အခုအခါကတော့ ရုရှားရဲ့ ကြီးထွားလာနေတဲ့ စားနပ်ရိက္ခာဖူလုံမှု နဲ့ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ စျေးကွက်များသို့ ချဲ့ထွင်ထားသော 'စိုက်ပျိုးသီးနှံ-ဘီလီယံနာများ'ဖြစ်ပါတယ်။  

စားသောက်ကုန်လုပ်ငန်းမှ အသစ်ဝင်ရောက်လာသူများထဲတွင် ကန်ဒေါ်လာ ၁.၈ ဘီလီယံပိုင်တဲ့ အလက်ဆန်ဒရာ တီကာချက်ဗ် က ရုရှားနိုင်ငံ၏ အကြီးဆုံးအစားအစာနှင့် စိုက်ပျိုးရေးထုတ်လုပ်ကုမ္ပစီ အေဂရိုကွန်ပလက်ဇ် ပိုင်ဆိုင်သူဖြစ်ပါတယ်။ သူက စိုက်ပျိုးရေးဝန်ကြီးအဖြစ် ၂၀၁၅ မှ ၂၀၁၈ အထိ တာဝန်ထမ်းခဲ့ပါတယ်။ 

နောက်အသစ်တစ်ဦးကတော့ စပါးနှင့် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သူ ဗာဒင်ဗီကူလော့ဗ် ဖြစ်ပြီး ကန်ဒေါ်လာ ၁.၅ ဘီလီယံ ပိုင်ဆိုင်ပါတယ်။ 

ဗာဒင်မိုရှကိုဗစ် က ကန်ဒေါ်လာ ၂. ၉ ဘီလီယံပိုင်ဆိုင်ပြီး ရုရှားက စိုက်ပျိုးရေးသမားတွေထဲမှာ အချမ်းသာဆုံးဖြစ်ပါတယ်။ သူက ရုရှားရဲ့အကြီးဆုံးဝက်သားနှင့်သကြားထုတ်လုပ်ကုမ္ပဏီ ရူဆာဂို ကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ ၂၀၂၆ စာရင်းတွင် နောက်ထပ်အသစ်ထပ်တိုးလာတဲ့ ဘီလီယံနာတွေက ဓာတ်မြေသြဇာနှင့် ကျောက်မီးသွေးလုပ်ငန်း၊ စွမ်းအင်ကဏ္ဍ၊ ဆေးဝါးလုပ်ငန်းနှင့် အိမ်ခြံမြေတို့မှဖြစ်ပါတယ်။ 

စာရင်းရဲ့ ထိပ်တန်းအဆင့်များကိုတော့ ရိုးရာစက်မှုလုပ်ငန်းရှင်များက လွှမ်းမိုးထားပြီး သံမဏိနှင့်ရွှေသူဌေး အလက်ဇီမော်ဒါရှော့ဗ် က ၃၇ ဘီလီယံ ပိုင်ဆိုင်ပါတယ်။ နော်ရေစကီ ကုမ္ပဏီက ဗလာဒီမာ ပိုတာနင် က ၂၉.၇ ဘီလီယံပိုင်ဆိုင်ပြီး လူကွိုင် အကြီးအကဲဟောင်း ဗာဂျစ် အလက်ပီရောဗ် က ၂၉.၅ ဘီလီယံ ပိုင်ဆိုင်ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment