Pages

Pages

ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် ကျောင်းသားကျောင်းသူ ၂၅၂၅ ဦးအေးချမ်းစွာဖြေဆို




ကျောက်ပန်တောင်း၊ မတ် ၁၁

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မြန်မာနိုင်ငံတစ်ဝန်းလုံး၌ မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း စာဖြေဌာန ၆ ခု၌ ကျောင်းသား ကျောင်းသူ ၂၄၇၃ ဦး၊ လက်ပံပျား စက်မှုစိုက်မွေး အ.ထ.ကမှ ကျောင်းသားကျောင်းသူ ၅၂ ဦး စုစုပေါင်း ၂၅၂၅ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

ယနေ့စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ဖြေဆိုရန် စာရင်းပေးသွင်း ထားသည့်၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၃၉ ဦး အနက်မှ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၄၇၃  ဦး ရှိကြောင်းသိရပြီး၊  စာမေးပွဲဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒသမ ၄၀ ရာခိုင်နှုန်းရှိကြေင်းနှင့် လက်ပံပျား စက်မှုစိုက်မွေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၅၂ဦး စာရင်းရှိသည့်အနက် ၅၂ ဦးဝင်ရောက်ဖြေဆိုကြရာ၊ စုစုပေါင်းဖြေဆိုသူ ၂၅၂၅ ဦး ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်၌ စာဖြေဌာနများဖြစ်သည့် အ.ထ.က(၁) ပင်မ စာဖြေဌာနနှင့် တိုးချဲ့စာဖြေဌာန၊ အ.ထ.က(၂) စာဖြေဌာန၊ အ.ထ.က(မြို့ရှေ့)စာဖြေဌာန၊ အ.ထ.က(လက်ပံပျား)စာဖြေဌာနနှင့် အ.ထ.က(ပုပ္ပား) စာဖြေဌာနများ ဖွင့်လှစ်ထားရှိပြီး အဆိုပါ စာဖြေဌာများတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့်လုံခြုံရေးအုပ်ချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


နေအောင်

#News #MNP

No comments:

Post a Comment