မတ် - ၁၁ ( ဗုဒ္ဓဟူးနေ့ )
လက်ဘနွန်တောင်ပိုင်းမှာ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားလေးဦး ဒဏ်ရာရခဲ့တဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ရှုတ်ချဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဂါနာက တိုက်တွန်းလိုက်ပါတယ်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား နယ်စပ်ဖြတ်ကျော် တိုက်ပွဲများ ပြင်းထန်လာစဉ် ပြီးခဲ့တဲ့ သောကြာနေ့က ဒုံးကျည်နဲ့ အတိုက်ခိုက်ခံလိုက်ရတာပါ။
တနင်္ဂနွေနေ့က လန်ဒန်တွင် ကျင်းပတဲ့ ဓနသဟာယ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဂါနာနိုင်ငံခြားရေးဝန်ကြီး က ဗုံးကြဲတိုက်ခိုက်မှုသည် “နိုင်ငံစုံဝါဒကို တိုက်ခိုက်ခြင်း” နှင့် “ကုလသမဂ္ဂပဋိဉာဉ်ပါရှိသည့် မူဝါဒတိုင်းကို တိုက်ခိုက်လိုက်တာဖြစ်တယ်” လို့ ပြောလိုက်ပါတယ်။ “ဒီတိုက်ခိုက်မှုကို အလေးအနက်ရှုံ့ချပြီး စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဖို့ ဓနသဟာယကို ကျနော်တို့ တိုက်တွန်းပါတယ်”လို့ ဂါနာနိုင်ငံပိုင် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ရှိ ဂါနာတပ်ရင်းကို ဒုံးကျည်နှစ်စင်း ထိမှန်ခဲ့ကြောင်းကို ဂါနာလက်နက်ကိုင်တပ်ဖွဲ့က “လက်ဘနွန်တောင်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသော IDF နှင့် ဟစ်ဇ်ဘိုလာ တို့ရဲ့ အပြန်အလှန်တိုက်ခိုက်မှုအတွင်း ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။
စစ်သားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြားတစ်ဦးမှာ “ဒဏ်ရာရ” ခဲ့ကြောင်း စစ်တပ်က ကနဦး သတင်းထုတ်ပြန်ခဲ့ပေမဲ့ တနင်္လာနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ချက်တစ်ခုတွင် အမှုထမ်းလေးဦး ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာအနည်းငယ်ရရှိကာ ခွဲစိတ်မှုအပြီးတွင် တစ်ဦးက ပြန်လည်ကောင်းမွန်လာတယ်လို့ သိရပါတယ်။
REF : RT
#News #MNP



No comments:
Post a Comment