ပေါင်၊ မတ် ၂၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မတ်လ(၂၂) ရက်နေ့အထိ နွေစပါးစိုက်ဧက (၂၃၀၉၈ ) စိုက်ပျိုး ပြီးစီးကြာင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်း ဆန် ဖူလုံ ပိုလျှံစေရေးအတွက် နွေစပါး စိုက်ပျိုးခြင်းဖြစ်ပြီးဆည်ရေ၊သဘာဝဝင်ရေ၊ချောင်းပိတ်၊မြောင်းပိတ်၍ ရေစုပ်စက်စနစ်တို့ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာ အသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ပေါင်မြို့နယ်သည်နွေစပါး စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှု ရှိတာကြောင့် နှစ်စဉ် နွေသီးနှံစိုက်ပျိုးရာသီမှာ တောင်သူအများစုက နွေစပါးကို အားထား စိုက်ပျိုးကြသည်။ ဒေသခံ တောင်သူ တွေကိုလည်း နွေစပါး စိုက်ပျိုးရာမှာ အထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များနဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊သဘာဝမြေသြဇာနှင့်ဓါတ်မြေသြဇာစနစ်တကျသုံးစွဲရေးအတွက် နယ်မြေအလိုက် တာဝန်ပေးထားတဲ့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက တောင်သူပညာပေး လုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ဒေသခံတောင်သူတွေ အဓိကစိုက်ပျိုးတဲ့ နွေစပါး မျိုးတွေကတော့ အောင်နိုင်တိုး၊ မှော်ဘီ-3၊ ရွှေသွယ်ရင်၊ ရေဆင်းပေါ်ဆန်း -(၁၊၂) ၊ဆင်းသုခ၊ရတနာတိုး စတဲ့ စပါးမျိုးများကို စိုက်ပျိုးကြောင်း သိရသည်။
ဒေသခံ တောင်သူများ နွေစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ကတိုက်ဆည်မှ ဆည်ရေများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သထုံခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၆) ထံမှ သိရသည်။
မွန်မလေး
#MNP #News




No comments:
Post a Comment