အမေရိကန်တပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ များလာနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်တပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရရှိမှုတွေ များလာနေ


မတ် - ၂၈ ( စနေနေ့ ) 

အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေး အဆောက်အအုံများကို အီရန်ရဲ့ နောက်ဆုံး လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အနည်းဆုံး အမေရိကန် တပ်ဖွဲ့ဝင် ၂၉ ဦး ဒဏ်ရာရရှိခဲ့ပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်နိုင်ငံသည် “ဆွေးမြေ့သွားပြီ” ဖြစ်ကာ ပြန်လည်တိုက်ခိုက်ရန် စွမ်းရည်မရှိဘူးလို့  ပြောကြားခဲ့ပါတယ်။ 

စစ်ပွဲက ဒုတိယလထဲကို ဝင်ရောက်လာနေပါပြီ။ အမေရိကန်သမ္မတက ဆော်ဒီလက်ခံကျင်းပတဲ့ ရင်းနှီးမြှုပ်နှံမှုကွန်ဖရင့်တွင် အီရန်ကိုတိုက်ခိုက်ရန် ပစ်မှတ် ၃,၅၅၄ သာကျန်ရှိတော့ကြောင်း မနေ့က ပြောသွားပါတယ်။  အမေရိကန်စစ်ဌာနကတော့ အီရန်က ပစ်မှတ် ၁ သောင်းကို ပစ်ခဲ့ပြီးပြီ လို့ မကြာသေးမီကကြေညာခဲ့ပါတယ်။  

အီရန်နဲ့ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ထရမ့်ကပြောပေမဲ့ ပင်တဂွန်က အီရန်အပေါ် “နောက်ဆုံးထိုးနှက်မှု” တွေ လုပ်ဖို့အတွက် အစီအစဉ်တွေရေးဆွဲနေပြီး တတိယမြောက် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ဘုရှ် ကို အရှေ့အလယ်ပိုင်းကို လွှတ်လိုက်ပါပြီ။ 

ဆော်ဒီအာရေးဗီးယားရှိ ဆူလ်တန်မင်းသား လေတပ်စခန်းအပါအဝင် ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေး အဆောက်အအုံများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့ပြီးနောက် အနည်းဆုံး အမေရိကန် ၂၉ ဦး ထိခိုက်ဒဏ်ရာရကာ တိုက်လေယာဉ်တွေကို  ဆီဖြည့်စက်အများအပြား ပျက်စီးခဲ့ကြောင်း မီဒီယာများ၏ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

အီရန်က အကြီးဆုံးသံမဏိစက်ရုံနှစ်ရုံ၊ ဓာတ်အားပေးစက်ရုံတစ်ရုံ နဲ့ ဘူရှာဟာရာနျူ့ ဓာတ်အားပေးစက်ရုံ အပါအဝင် အရပ်ဖက်သုံးနျူကလီးယားစက်ရုံများ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်ခံရပြီးနောက် ရန်သူများကို “အပြင်ထန်ဆုံး လက်စားချေမှု”လုပ်တော့မယ်လို့ ပြောလာပါပြီ။  

ဘူရှာဟာရာနျူ့ ဓာတ်အားပေးစက်ရုံအနီးတွင် အစ္စရေးရဲ့ တိုက်ခိုက်မှုအသစ်လို့ သံသယရှိတယ်ဆိုပြီး အီရန်က ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ အခုအကြိမ်နဲ့ ဆိုရင် အဲ့ဒိနျူ့စက်ရုံက ၁၀ ရက်အတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ 

အမေရိကန်နှင့် အစ္စရေးတို့က အီရန်၊ လက်ဘနွန်နှင့် ဂါဇာကမ်းမြောင်တို့ကို ဆက်လက်ကျူးကျော်ရန် အရှိန်မြှင့်နေပါက ယီမင်ရှိ ဟူသီဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့များက စစ်ပွဲထဲမှာ တိုက်ရိုက်စွက်ဖက်တော့မယ် လို့ သတိပေးလိုက်ပါပြီ။ 


REF: RT 

#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)