မတ်- ၁၀ ( အင်္ဂါနေ့ )
ဆိုက်ဘာတိုက်ခိုက်မှုများ သို့မဟုတ် စစ်ရေးအကျပ်အတည်းများကဲ့သို့သော အရေးပေါ်အခြေအနေများအတွက် ငွေသားအရံထားရှိရန် အိမ်ထောင်စုများအား ဆွီဒင်ဗဟိုဘဏ်မှ တိုက်တွန်းထားပါတယ်။ ငွေသားလက်ခံမရှိရင် အရေးပေါ်အခြေအနေတွေ ရင်ဆိုင်ရတဲ့အခါမှာ ပြဿနာရှိနိုင်ကြောင်းကိုလည်း ဆိုထားပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှု သို့မဟုတ် စစ်ဘက်ဆိုင်ရာအကျပ်အတည်းများအပါအဝင် ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အလားအလာရှိသော အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရန်အတွက် ဆွီဒင်နိုင်ငံသားများအား သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဆွီဒင်က ငွေသားကိုင်ဆောင်စရာမလိုတဲ့ လူ့အဖွဲ့အစည်းဆီသို့ လျင်မြန်စွာ ကူးပြောင်းနေပေမဲ့ အိမ်ထောင်စုများ အနေနဲ့ ငွေသားက ဆောင်ကိုဆောင်ထားရမယ်လို့ ဗဟိုဘဏ်က အကြံပြုထားပါတယ်။ ဗဟိုဘဏ်က ကြေညာထားတဲ့ လမ်းညွှန်မှုမှာ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ဆွီဒင်ငွေ ခရိုနာ ၁၀၀၀ ကို လက်ကိုင်ထားရမယ်လို့ ဆိုပါတယ်။ အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ်များ မရရှိနိုင်သည့်အခါတွင် အဲ့ဒိပမာဏက အခြေခံအသုံးစရိတ်အဆင့်ကို တစ်ပတ်ခန့် ထိန်းထားပေးနိုင်ပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုများ သို့မဟုတ် လုံခြုံရေးတင်းမာမှုများက အွန်လိုင်းငွေပေးချေမှု အခြေခံအဆောက်အအုံကို ယာယီပိတ်ထားနိုင်တာဖြစ်တဲ့အတွက်ကြောင့် ငွေသားမရှိရင် ပြဿနာဖြစ်သွားနိုင်ပါတယ်။ ဆွီဒင်တွင်၊ ငွေပေးငွေယူ ၉၀% ကျော်သည် ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်နေသောကြောင့် ငွေကြေးကွန်ရက်များကို အနှောင့်အယှက်ဖြစ်စေပါက နေ့စဉ်စီးပွားရေးလုပ်ဆောင်မှုများကို လျင်မြန်စွာ ရပ်တန့်သွားစေနိုင်ပါတယ်။
REF: The Nation
#News #MNP


No comments:
Post a Comment