မုံရွာမြို့နယ်အတွင်း NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာမြို့နယ်အတွင်း NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံနေ


မုံရွာ၊ မတ် ၁၉

မုံရွာမြို့နယ်အတွင်း NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မော်တော်ယာဉ်များထံမှ ငွေကြေးကောက်ခံနေကြောင်း မော်တော်ယာဉ်မောင်းများထံမှ သိရသည်။

NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားတွေက လက်နက်နဲ့ ခြိမ်းခြောက်ပြီး တောင်းခံနေတော့ ပေးချင်းချင်၊ မပေးချင်ချင် ပေးနေရတယ်။ ဒီအကြမ်းဖက်သမားတွေကို တာဝန်ရှိသူတွေက ပြတ်ပြတ်သားသား ရှင်းပေးမှ ဒေသခံပြည်သူများလည်း အေးချမ်းစွာ နေရမယ်။ အခုလို အကြမ်းဖက်အဖွဲ့တွေ ရှိနေတာကို သိပါလျက်၊ အများပြည်သူအပေါ် လက်နက်နဲ့ အနိုင်ကျင့် ခြိမ်းခြောက်ပြီး ဂုပ်သွေးစုပ်နေတာကို တာဝန်ရှိသူတွေက မျက်ကွယ်ပြုထားတာမျိုးကတော့ မသင့်တော်ပါဘူး ဟု ဆက်သွယ်ပြောဆိုသည်။

"ဒီကောင်တွေ ရှိနေသ၍ ပြည်သူလူထုရဲ့ လူနေမှုဘဝ က စိတ်မချရဘူး။ ဆေးကြောင်နေတဲ့ ကောင်တွေ၊ လူစိတ်မရှိတဲ့ ကောင်တွေက ထင်ရာမြင်ရာ လုပ်တဲ့ကောင်တွေပါ။ ပြည်သူတွေ အန္တရာယ်ကြားထဲမှာ ဖြတ်သန်းသွားနေရတယ်" ဟု ဆိုသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)