မန္တလေးမြို့တွင် PDF ၅၀၆ ဦးလက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးမြို့တွင် PDF ၅၀၆ ဦးလက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည်









မန္တလေး၊ မတ် ၁၉

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ယနေ့ PDF အဖွဲ့ဝင် အမျိုးသား(၄၅၃)ဦးနှင့် အမျိုးသမီး(၅၃)ဦး၊ စုစုပေါင်း ၅၀၆ ဦးတို့သည် သေနတ် ၇၈ လက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒသေကြီးဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဥပဒေရေးရာများကို ရှင်းလင်းပြောကြားသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ခံဝန်လက်မှတ်ရေးထိုးစေပြီး လက်နက်ခဲယမ်းများ အပ်နှံခြင်းအတွက် ဆုငွေများ ပေးအပ်မည့်အပြင်  ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံမည်ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)