ဂန့်ဂေါမြို့၌ Quick Win အစီအမံ(၅)ရပ်အား ယာဉ်မောင်းသူများသိရှိလိုက်နာရန် အသိပညာပေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့၌ Quick Win အစီအမံ(၅)ရပ်အား ယာဉ်မောင်းသူများသိရှိလိုက်နာရန် အသိပညာပေးဟောပြော




ဂန့်ဂေါ   ၊ မတ် ၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီမှထုတ်ပြန်ထားသည့် Quick Win အစီအမံ(၅)ရပ်အား ယာဉ်မောင်းသူများသိရှိလိုက်နာနိုင်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြားရာတွင်  မိမိတို့ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မကွေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှထုတ်ပြန်ထားသည့် Quick Win အစီအမံ(၅)ရပ်ဖြစ်သည့် မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြုမှုမရှိပါက ပြစ်ဒဏ်အနေဖြင့် ဉပဒေပုဒ်မ ၈၇ အရ ဒဏ်ငွေ ၃၀၀၀၀/-ကျပ်၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးပြပါက ဥပဒေပုဒ်မ ၈၆ အရ ဒဏ်ငွေ ၃၀,၀၀၀/-ကျပ်၊ အရက်သေစာမူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ပါက ဥပဒေပုဒ်မ ၉၁ အရ ဒဏ်ငွေ ၁၀၀,၀၀၀/-ကျပ်၊ မော်တော် ယာဉ်မောင်းနှင်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပါတ် ဝတ်ဆင်မှုမရှိပါက ဥပဒေပုဒ်မ ၈၆ အရ ဒဏ်ငွေ ၃၀,၀၀၀/-ကျပ်နှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ပါက ဥပဒေပုဒ်မ ၉၁ အရ ဒဏ်ငွေ ၁၀၀,၀၀၀/-ကျပ်တို့ကို  ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးအသီးသီးတို့တွင်လည်း ဝန်ထမ်းများနှင့် အများပြည်သူများသိရှိနိုင်စေရန် Quick Win အစီအမံ(၅)ရပ်ပါရှိသည့် ဗီနိုင်းပိုစတာများ ချိတ်ဆွဲထားပြီဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့်သတ်မှတ်ထုတ်ပြန်ထားသည့် ဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်သွားကြရန်နှင့် မြို့သန့်ရှင်းသာယာလှပရေး၊ မိမိတို့ဌာနဆိုင်ရာရုံးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းများကို ဂရုတစိုက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။


မောင်မျိုးမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)