ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် ပါတီများ၊ အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်များ ထုတ်ပြန်











နေပြည်တော်၊ ဧပြီ ၆

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား) ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာရှန်ရှီးကုန် သည်ကြီးများအသင်းချုပ်၊ မြန်မာ-ဘယ်လာရုစ်ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာပြည် တရုတ်ဗုဒ္ဓ ဘာသာရဟန်းတော်များအဖွဲ့၊ မဇ္ဈိမာလင်္ကာရသာမဏေကျော်အသင်း၊ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)တို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ပြည်ထောင်စုလွှတ်တော် ကရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မြန်မာ နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ် အောင် ဆောင်ရွက်နိုင်ပါစေကြောင်း၊ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာစွာဖြင့် ပြည်သူ များ၏ အကျိုးအတွက် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ပါစေကြောင်း၊ ဘာသာ အကျိုး၊ သာသနာအကျိုး၊ နိုင်ငံအကျိုးကို ဆတက်ထမ်းပိုးသယ်ပိုးထမ်းရွက်နိုင်ပါစေ ကြောင်း၊ သမ္မတကြီး၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ပိုမိုစည်ပင်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း၊ နိုင်ငံတော်ကို တည်ငြိမ် အေးချမ်းစေပြီး ပြည်သူအများချမ်းသာကြွယ်ဝကာ နိုင်ငံ့စီးပွားထွန်းကားလျက် အခြေ အနေသစ်များနှင့် အသစ်သောအသွင်ကူးပြောင်းမှုများဖြင့် ကောင်းမွန်ပြည့်စုံပါစေ ကြောင်း စသည်ဖြင့်ပါရှိကြောင်း သိရှိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)