၅နှစ်အရွယ် ကိုရင်အား စာနာထောက်ထားမှု ကင်းမဲ့စွာ ရိုက်နှက်ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် ပဋိပတ္တိတောရကျောင်းမှ ဦးတေဇ အား လူဝတ်လဲပြီး ၂၉၅-က ဖြင့် အရေးယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

၅နှစ်အရွယ် ကိုရင်အား စာနာထောက်ထားမှု ကင်းမဲ့စွာ ရိုက်နှက်ညှဉ်းပမ်းနှိပ်စက်ခဲ့သည့် ပဋိပတ္တိတောရကျောင်းမှ ဦးတေဇ အား လူဝတ်လဲပြီး ၂၉၅-က ဖြင့် အရေးယူ

မြိတ်၊ ဧပြီ ၂၂

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည့် ကိုရင်ငယ်တစ်ပါးအား ပြင်းထန်စွာ နှိပ်စက်ညှဉ်းပမ်း ရိုက်နှက်နေသည့် ရုပ်သံမှ ဆရာတော်အား လူဝတ်လဲပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၅-(က)နဲ့အရေးယူဆောင်ရွက်ထားပါကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများထံ ဆက်သွယ်သတင်းပေးပို့၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ခဲ့သည့် ဆရာတော် ဦးသုနန္ဒ က "ဒီလိုလုပ်ရပ်မျိုးက ဗုဒ္ဓဘာသာဝင်တွေလည်း လက်မခံနိုင်ဘူး။ ဘာသာခြားတွေက ဗုဒ္ဓဘာသာအပေါ် ကဲ့ရဲ့စရာဖြစ်စေတဲ့ လုပ်ရပ်ပါ။ ဖြစ်စဉ်က ရိုက်နှက်တာတစ်ခုပဲ ဆိုပေမယ့် သတ္တဝါနဲ့ လက်နက်နဲ့ မမျှတဲ့ အခြေအနေမျိုး၊ အလွန်အမင်း အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်မျိုးဖြစ်တဲ့အတွက် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ ဦးဇင်းတို့ကတော့ တာဝန်ရှိသူများအပိုင်းကို တိုက်တွန်းတောင်းဆိုတာမျိုးပဲ ရှိပါတယ်။ မနေ့က ညနေပိုင်းအထိတော့  အဖြေမထွက်ခဲ့ဘူးပေါ့။ နောက်ဆုံး ကြားသိရတာကတော့ လူဝတ်လဲပြီး ၂၉၅-က နဲ့ အရေးယူထားပြီလို့ သိရပါတယ်။" ဟု မိန့်ကားသည်။ရုပ်သံမှတ်တမ်းတွင် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ဖားအောက်လမ်း၊ ပဋိပတ္တိတောရကျောင်းမှာ ဦးတေဇ က ကိုရင်ငယ်တစ်ပါးကို အလွန်အမင်း ရိုက်နှက်ညှည်းပမ်းနှိပ်စက်နေသည်ကို မြင်တွေ့ရပြီး ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)