ကျောက်ကြီး ၊ ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီအချိန်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့၏ပံ့ပိုးမှုဖြင့် ကျောက်ကြီးမြို့ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ခြံဝန်း အတွင်းနှင့် မြို့မစည်ပင်သာယာစျေး အတွင်း/အပြင်တို့တွင် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်း ဘေးကင်းစွာပြုမူနေထိုင်ခြင်းနေ့ အထိမ်း အမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးတို့ဦးဆောင်ပြီး ကျောက်ကြီးမြို့နယ် မြို့မစည်ပင်သာယာစျေး၌ မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ခြံဝန်းအတွင်းတွင် အန္တရာယ်ဖြစ်နိုင်ခြေ “သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း” အသိပညာပေးအနေဖြင့် စစ်လက်နက်ပစ္စည်းများဖြစ်သော မြေမြှုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းတို့၏အန္တရာယ်ကြီးမားပုံများ၊မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာ အကြီးအကဲများထံသတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ဘေးအန္တရာယ်ကာကွယ်ရန်တွင်အသုံးပြုသော ပစ္စည်းများအား ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment