မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ


နေပြည်တော်၊ ဧပြီ ၁၁

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နန်းတော်စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဧပြီ ၉ ရက် ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ခွေတုံမြို့မှ တရုတ်နိုင်ငံသား လျှိုရှန့်လုံ (ဘ) လျှိုရင်ချောင် ၊ ၃၄ နှစ်အား ဖမ်းဆီးရမိခဲ့သည်။

မြန်မာနိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ်နိုင်ငံသားအား မူဆယ်မြို့မရဲစခန်း၌ ထိန်းသိမ်းထားရှိပြီး လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)