နေပြည်တော်၊ ဧပြီ ၃
ကမ္ဘာ့အပူဆုံးမြို့များတွင် မြန်မာနိုင်ငံမှ မြို့ကြီးများ လေးရက်ဆက်တိုက် ထိပ်ပိုင်းတွင်ရပ်တည်ခဲ့ပြီး ဧပြီ ၃ ရက် ကမ္ဘာ့အပူဆုံးမြို့စာရင်းတွင် မုံရွာ၊ ချောက်၊ မကွေးမြို့များက ထိပ်ဆုံးမှ ဦးဆောင်နေသည်ဟု Eldorado weather ၏ နံနက်ပိုင်း တိုင်းထွာချက်များအရ သိရသည်။
ဧပြီ ၃ ရက်တွင် ကမ္ဘာ့အပူဆုံးမြို့မှာ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ၁၀၈ ဒသမ ၅ ဖာရင်ဟိုက်ဖြင့် နံပါတ် ၁ နေရာတွင်လည်းကောင်း၊ နံပတ် ၂ နေရာတွင် ချောက်မြို့က ၁၀၈ ဖာရင်ဟိုက်ဖြင့်လည်းကောင်း၊ နံပတ် ၃ နေရာတွင် မကွေးမြို့က ၁၀၈ ဖာရင်ဟိုက်ဖြင့်လည်းကောင်း အသီးသီးရပ်တည်နေသည်။
မင်းဘူး၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူ၊ ပြည်မြို့များမှာလည်း ထိပ်ဆုံး ၁၅ မြို့တွင် ပါဝင်နေပြီး ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ မြို့ ရှစ်မြို့၊ ထိုင်းနိုင်ငံမှ မြို့ လေးမြို့၊ အီဂျစ်မှ မြို့နှစ်မြို့၊ အိန္ဒိယမှ မြို့တစ်မြို့တို့ပါဝင်သည်။ ဧပြီ ၁ ရက်မှ စပြီး မြန်မာနိုင်ငံမှ မြို့ကြီးများမှာ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် အနည်းဆုံး မြို့လေးမြို့အထိ ဆက်တိုက်ပါဝင်နေသည်။
#MNP #News

No comments:
Post a Comment