Pages

Pages

ဆင်ပေါင်ဝဲမြို့၌ အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နိုင်မှုအား ကြည့်ရှု





ဆင်ပေါင်ဝဲ၊ မတ် ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မြို့နယ်ခန်းမ၊ ဇောတိက ဘုန်းတော်ကြီးကျောင်း၊ မဟာစည်ဘုန်းတော်ကြီးကျောင်းများတွင် ပြည်သူများ အပူရှောင်နိုင်ရန်အတွက် အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်နိုင်မှုအား ယမန်နေ့ နေ့လည် ၃ နာရီခွဲ အချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် တာဝန်ရှ်သူများက သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက ပြည်သူများ အပူရှောင်နိုင်ရေးအတွက် ​လေ​အေး​ပေးစက်၊ ပန်ကာ၊ water cooler များ ထားရှိခြင်း၊ အပူဒဏ်ခံနိုင်ရန် ပိတ်စိမ်းစ/ပိတ်ကာရံခြင်းစီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

#MNP #News

No comments:

Post a Comment