Pages

Pages

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းအောင်ပွဲအထိမ်းအမှတ် ပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပ









ပခုက္ကူ၊ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းရာနှုန်းပြည့်ကပ်လှူခြင်းအောင်ပွဲ အထိမ်းအမှတ်ပွဲတော်များကို ဧပြီလ ၁ရက်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပသည်။ 

ရှေးဦးစွာ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ရာနှုန်းပြည့်ကပ်လှူခြင်းအောင်ပွဲအထိမ်း အမှတ်ဘုရားအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်ကို နံနက် ၇နာရီအချိန်ကကျင်းပရာ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆို၍အခမ်းအနားဖွင့်လှစ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တအရိယဝံသ(အဂ္ဂမဟာကဏ္ဍိတ) ဆရာတော်အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက် တည်ကြသည်။ 

ဆက်လက်၍ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေနှင့်ဝန်ထမ်းများ၊ သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဒေသခံပြည်သူများက ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ကြပြီး သီဟိုဠ်ရှင်မြတ်စွာဘုရား ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ပါဝင်လှူဒါန်းခဲ့ကြသောအလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ရာနှုန်းပြည့်ကပ်လှူခြင်း အောင်ပွဲအထိမ်းအမှတ်အဖြစ် ပင့်သံဃာတော် (၁၀၈)ပါးအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ပခုက္ကူတက္ကသိုလ်မှ ခေတ္တပါမောက္ခ၊ ဒုတိယပါမောက္ခချုပ်နှင့် သင်ကြား/စီမံဌာနများ၊ ဘုရားကြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုများလောင်းလှူကြပြီး တက်ရောက်လာသူများအား စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ 

ဆက်လက်၍ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ရာနှုန်းပြည့်ကပ်လှူခြင်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် နှစ်ဆယ့်ပွဲဈေးသည်များ၏ ဈေးရောင်းပွဲတော်အတွင်း ဈေးဆိုင်ခန်းများအလိုက် ရောင်းချထားသော စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများ၊ မုန့်ဆိုင်တန်းများ၌ ဝယ်ယူအားပေးသူများ၊ ပျော်ပွဲရွှင်ပွဲနေရာများနှင့် အပျော်စီးယာဉ်များ၌ စိတ်အပန်းဖြေကစားကြသူများ၊ သီဟိုဠ်ရှင်ပြဇာတ်ရုံ၌ မန္တလေးအားမာန်သစ်ဇာတ်သဘင်အဖွဲ့၏ ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးသူပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ 

ထို့အပြင် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန်(နှစ်ထပ်စာဖြေဆောင်)၌  ၂၀၂၆ခုနှစ်ပါဠိပထမ ပြန်စာမေးပွဲ(စတုတ္ထနေ့)၌ ကြွရောက်ဖြေဆိုသည့်  ရဟန်း၊ သာမဏေ၊ သီလရှင်(၅၂၀)ပါးအား ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်ဇနီး ဒေါ်နန်းစုစုစံတို့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက နေ့ဆွမ်း ဆက်ကပ်လှုူဒါန်းခဲ့ကြကြောင်း သိရသည်။ 


ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment