မိုင်းယန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိ

 




မိုင်းယန်း  ၊ဧပြီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာဖွံ့ဖြိုးပြီး လွယ်ကူစွာမွေးဖွားနိုင်ရန် ကျန်းမာရေးစစ်ဆေး စောင့်ရှောက်ပေးခြင်းနှင့်  လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမားရေးဌာန၊ တာဝန်ခံအမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဌေးဌေးခိုင်နှင့် ကျန်းမာရေးဆရာမများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များအား စနစ်တကျစာရင်းပြုစု၍ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးခြင်းများနှင့် ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနမှ သိရသည်။

ထွန်းထွန်းထူး

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)