နေပြည်တော်၊ ဧပြီ ၂၂
မြန်မာနိုင်ငံသို့ ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ ခရီးစဉ်လာရောက်သည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းက နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရန် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment