တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



တိုက်ကြီး၊ ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု အနှစ်သာရများဖြင့် ပြည်သူများအားလုံးမှ စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲသွားနိုင်ရေး ရည်ရွယ်ကာ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကပြိုင်ပွဲများထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့၊ အဖျောက်မြို့များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း အစီအစဉ်များကို ရန်ကုန်-ပြည်ကားလမ်းဘေး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရှေ့ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခြင်း၊ ဌာနဆိုင်ရာများက ဗဟိုမဏ္ဍပ်တွင် နေ့အလိုက် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် လမ်းလျှောက်သင်္ကြန်ကို မဏ္ဍပ် ၂၁ ခုဖြင့် ရန်ကုန်-ပြည်ကားလမ်းအတိုင်း ကျင်းပသွားမည်ဖြစ်ပြီး မဟာသင်္ကြန်ပွဲတော်လာပြည်သူများနှင့် ယိမ်းအဖွဲ့ဝင်များ၊ ဧည့်သည်တော်များကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး ဆေးကာကွယ်ပေးရေးအဖွဲ့ ဆောင်ရွက်ထားရှိခြင်းနှင့် ဗဟိုမဏ္ဍပ်နှင့် အခြားမဏ္ဍပ်များတွင် ရေပက်ကစားသူများ သန်ရှင်းသောရေလုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးထံမှ သိရသည်။


ဝတ်ရည် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)