Pages

Pages

အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက (၂၈၄) ကြိမ်မြောက် အာဆီယံ-ကိုင်ရို ကော်မတီ အစည်းအဝေးသို့ တက်ရောက်



ကိုင်ရို၊ ဧပြီ ၉

 အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၈-၄-၂၀၂၆ ရက်နေ့ နံနက် ၁၁၀၀ နာရီတွင် ကိုင်ရိုမြို့၊ Sheraton Hotel ၌ ပြုလုပ်သော ၂၈၄ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 

 အစည်းအဝေးသို့ ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံး ဒုတိယ အကြီးအကဲများနှင့် ကော်မတီလုပ်ငန်း အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

 အစည်းအဝေး၌ ဆောင်ရွက်ပြီးစီးခဲ့သည့် အာဆီယံ-ကိုင်ရို ကော်မတီ၏ ၂၀၂၆ လုပ်ငန်း အစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းအစီအစဉ် များအပေါ် ဆွေးနွေးခဲ့ကြရာ မြန်မာသံအမတ်ကြီးက အီဂျစ်စိုက်ပျိုးရေးနှင့် မြေယာပြုပြင် ပြောင်းလဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် အာဆီယံသံအမတ်ကြီးများ တွေ့ဆုံ၍ အာဆီယံနှင့် အီဂျစ် နိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကို ဆွေးနွေး နိုင်ရေး မြန်မာ သံရုံးက ဆောင်ရွက်သွားမည့်အစီအစဉ်များကို အဆိုပြုဆွေးနွေးခဲ့ပါသည်။ ထို့နောက် အာဆီယံ-ကိုင်ရိုကော်မတီ အဖွဲ့ဝင်နိုင်ငံများက အီဂျစ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ် တိုးတက်မှုများကို အသီးသီးမျှဝေခဲ့ကြသည်။ 

 အစည်းအဝေးပြီးနောက် ဗီယက်နမ်သံရုံးက အာဆီယံ-ကိုင်ရိုကော်မတီ သံအမတ်ကြီးများ နှင့် တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment