Pages

Pages

စူပါအယ်နီညိုကြောင့် အရှေ့တောင်အာရှ နိုင်ငံတွေမှာ အပူကြီးပြီး မိုးခေါင်နိုင်တယ်လို့ ဆို




ဧပြီ - ၉ ( ကြာသပတေးနေ့ ) 

ကမ္ဘာကြီးက ယခုနှစ်နှောင်းပိုင်းတွင် အားကောင်းသော အယ်လ်နီညိုဆီသို့ ဦးတည်သွားဖွယ်ရှိပြီး အယ်လ်နီညို ဖြစ်နိုင်ချေသည် ၂၀၂၆ နှစ်လယ်ပိုင်းမှ မြင့်တက်လာနိုင်ကြောင်း ရာသီဥတု အေဂျင်စီကြီးများက သတိပေးထားပါတယ်။ 

အယ်လ်နီညိုသည် ဇွန်လမှ သြဂုတ်လတွင် ထွက်ပေါ်လာဖွယ်ရှိပြီး အနည်းဆုံး ယခုနှစ်ကုန်အထိ ဆက်လက်တည်ရှိနေနိုင်ပါတယ်။ ကြားနေအခြေအနေများသည် ကာလတိုအတွင်း ဖြစ်နိုင်ခြေအရှိဆုံး ရလဒ်အဖြစ် ဆက်လက်တည်ရှိနေပြီး အယ်လ်နီညို အခွင့်အလမ်းများသည် ၂၀၂၆ ခုနှစ်နှောင်းပိုင်းတွင် တိုးလာမယ်လို့ ဆိုပါတယ်။ 

အချို့သော သိပ္ပံပညာရှင်များက အဆိုပါဖြစ်ရပ်က အလွန်ပြင်းထန်တယ်လို့ ဆိုပါတယ်။ အယ်လ်ဘာနီ တက္ကသိုလ်မှ လေထုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပါမောက္ခ ပေါ်လ်ရောင်းဒီ  က ဖြစ်လာမယ့် အယ်လ်နီညို အခြေအနေက ၂၀ ရာစုနှစ်တုန်း က ဖြစ်ခဲ့တဲ့ အပြင်းထန်ဆုံး အခြေအနေကိုတောင် ကျော်သွားနိုင်တယ်လို့ ပြောပါတယ်။ 

လက်ရှိထိကတော့ တရားဝင်ရာသီဥတုအေဂျင်စီများက “စူပါအယ်လ်နီညို” ကို အတည်မပြုရသေးပါဘူး။  စူပါအယ်လ်နီညို ဖြစ်လာနိုင်မှုက မသေချာမရေရာမှုများရှိနေဆဲဖြစ်ပြီး ၂၀၂၆  အောက်တိုဘာလမှ ဒီဇင်ဘာလ အတွင်းဖြစ်လာနိုင်တဲ့ ပြင်းထန်သော အယ်လ်နီညို ဖြစ်ရပ်က ဖြစ်နိုင်ခြေ ၃ ပုံတစ်ပုံခန့်သာရှိတယ်လို့ ဆိုပါတယ်။ “စူပါအယ်လ်နီညို” ဆိုတဲ့ အသုံးအနှုန်းကို မီဒီယာဖော်ပြမှုတွေမှာသာ တွင်ကျယ်စွာ အသုံးပြုပေမဲ့  တရားဝင် သိပ္ပံနည်းကျ အမျိုးအစားမဟုတ်ဘဲ အလွတ်သဘောမျိုး ပြောတာပဲ ဖြစ်ပါတယ်။ 

အရှေ့တောင်အာရှအတွက် အဓိကစိုးရိမ်ရသည့်အချက်ကတော့ မိုးခေါင်မှုနှင့် အပူလွန်ကဲမှုပဲ ဖြစ်ပါတယ်။ အယ်လ်နီညိုကြောင့် အင်ဒိုနီးရှား၊ အရှေ့တောင်အာရှနှင့် သြစတြေးလျ မြောက်ပိုင်းတစ်ခွင် မိုးခေါင်ရေရှားမှုကို ဖြစ်စေနိုင်ပြီး ခြောက်သွေ့သော အခြေအနေက အနောက်ပစိဖိတ်ဒေသဆီကို ဦးတည်ထွက်သွားမှာပါ။ အပူချိန်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကတော့ မိုးခေါင်ခြင်း နဲ့ မိုးမုန်တိုင်းတွေကြောင့် ရေကြီးခြင်းဖြစ် လာနိုင်ပါတယ်။ 


REF: The Nation

#MNP #News

No comments:

Post a Comment