အီရန်ကို ပိုက်ဆံပေးပြီး ဟောမုဇ်ကို ဖြတ်သွားချင်တဲ့ သင်္ဘောမှန်သမျှ ခွင့်မပြုဘူးလို့ အမေရိကန်ဘက်ဆို
(အမေရိကန် - အီရန် နောက်ဆုံး ရ သတင်းများ)
ဧပြီ - ၁၃ ( တနင်္လာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေလမ်းကြောင်းပိတ်ဆို့ခြင်းအား အမိန့်ပေးပြီးနောက် အီရန်အပေါ် ကန့်သတ်တိုက်ခိုက်မှုများ ပြန်လည်စတင်ရန် ငြင်းဆိုထားပေမဲ့ အီရန်ရဲ့ အခကြေးငွေ နဲ့ စည်းမျဉ်းများကို လိုက်နာတဲ့ မည်သည့်သင်္ဘောကိုမဆို “လုံခြုံစွာဖြတ်သန်းသွားလာခွင့်”မပေးနိုင်ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။
အမေရိကန်သမ္မတ က "ပြည့်စုံသောဗုံးကြဲတိုက်ခိုက်မှု" ကို ပြန်လည်စတင်နိုင်ပေမဲ့ "ဖြစ်နိုင်ခြေနည်းပါးတယ်" လို့ တာဝန်ရှိသူများက Wall Street ဂျာနယ် သိုပြောကြားခဲ့ပါတယ်။ အမေရိကန် အရှေ့အလယ်ပိုင်း စစ်ဌာနမှ အမေရိကန်တပ်ဖွဲများသည် အီရန်ဆိပ်ကမ်းများသို့ ဧပြီလ ၁၃ ရက်နေ့ မနက် ၁၀နာရီ ( ဒေသစံတော်ချိန်) ရေကြောင်းသွားလာမှုအားလုံးကို ပိတ်ဆို့ထားမယ်လို့ ကြေညာပြီးနောက် ကမ္ဘာလုံးဆိုင်ရာရေနံဈေးသည် တစ်စည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ ပြန်တက်သွားပါတယ်။ အဲ့လိုရေနံဈေး တက်လိုက် ကျလိုက် ဖြစ်နေတာရဲ့ အကြောင်းအရင်းက ထရမ့်ရဲ့ခြိမ်းခြောက်မှုက အဓိကဖြစ်နေတာလို ဆိုကြပါတယ်။ အခု တစ်ကြိမ်ပြန်တက် သွားတာကလည်း ဟောမုဇ်ကို အဝင်အထွက်လုပ်တဲ့ ဘယ်သင်္ဘောမဆို စစ်ဆေးမယ်လို့လုပ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
အမေရိကန်များအနေနဲ့ ဆီဆိုင်တွေမှာ ဖြစ်နေတဲ့ လက်ရှိပေါက်ဈေးတွေကို ခံစားသင့်ပါတယ်လို့ အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘ်ဖ် က သတိပေးခဲ့ပြီး မကြာမီကလအတွင်းမှာ အမေရိကန်တွေ အရင်ကသုံးဖူးတဲ့ ဂတ်စ်ဈေးနှုန်းတွေကို လွှမ်းဆွတ်နေစေရမယ်လို့ ပြောသွားပါတယ်။ ရေကြောင်းမှာ ရန်လိုတဲ့ စစ်ရေးလှုပ်ရှားမှုမှန်သမျှကို အင်အားသုံး နှိမ်နင်းမယ်လို့ အီရန်က သတိပေးထားပါတယ်။ သမ္မတ မာဆွဒ် ပီဇီရှကီယန် က အမေရိကန်အနေနဲ့ ၎င်းရဲ့ “ကမ္ဘာ့ အာဏာရှင်စနစ်” ကို စွန့်လွှတ်ပါက သဘောတူညီချက်တစ်ခု ဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
အာရေဗျပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ရှိ အီရန်ပိုင်ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားတဲ့ နိုင်ငံအားလုံးရဲ့ သင်္ဘောများကို ပိတ်ဆို့ထားမယ်လို့ အမေရိကန် စစ်ဌာနချုပ်က ပြောကြားသော်လည်း အီရန်ပိုင်မဟုတ်တဲ့ ဆိပ်ကမ်းများသို့ သွားလာနေတဲ့ သင်္ဘောများအတွက် လွတ်လပ်စွာ သွားလာခွင့်ကို ဟန့်တားမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အစ္စလာမာဘတ်တွင် ၂၁ နာရီကြာ ဆွေးနွေးပွဲများ ပျက်ပြားသွားပြီးနောက်၊ အမေရိကန်က ၎င်းရဲ့ နောက်ဆုံး နဲ့ အကောင်းဆုံး ကမ်းလှမ်းချက်ဖြင့် ပါကစ္စတန်မှ ထွက်ခွာသွားကြောင်း ဒုတိယသမ္မတ ဂျေဒီဗန့်စ် က ပြောကြားခဲ့ပါတယ်။ "လွန်ကဲစွာ" သိုမဟုတ် "ကျိုးကြောင်းဆီလျော်မှုမရှိသော" အမေရိကန် တောင်းဆိုမှုများကြောင့် လုပ်ငန်းစဉ်ပျက်သွားတယ်လို အီရန်ဘက်က ပြောပါတယ်။
အီရန်သည် နျူကလီးယားလက်နက်ကို မထုတ်လုပ်ပါဘူး ဆိုတဲ့ စည်းမျဉ်းကို အဓိကထား ကတိတောင်း ဆွေးနွေးခဲ့ပေမဲ့ အီရန်ဘက်က မလိုက်နာဘူး လို့ အမေရိကန်ကို ဆိုပါတယ်။ စစ်ပွဲဖြစ်လာရင် အီရန်အတွက် လုံခြုံမှုကို အာမမခံနိုင်ဘဲ စေ့စပ်ညှိနှိင်းရေး စားပွဲဝိုင်းတွင် အမေရိကန်က အသာစီးရရန် ကြိုးစားခဲ့ကြောင်း အီရန်အရာရှိများက ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment