အောင်လံမြို့နယ်၌ စက်သုံးဆီဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့နယ်၌ စက်သုံးဆီဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 



အောင်လံ   ၊ ဧပြီ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ပြည်သူများစက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းများအတိုင်း အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူပါ(၂)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးမျိုးဝင်းပါ(၂)ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ရွာထောင်ရပ်ကွက်၊ မြို့ပတ်လမ်းဘေးရှိ စိန်နန်းတော် စက်သုံးဆီဆိုင်နှင့် ဇာမဏီစက်သုံးဆီဆိုင်၊ ဂုံတောကျေးရွာ၊ ပြည် - မကွေး ကားလမ်းဘေးရှိ ထိပ်တန်းစက်သုံးဆီဆိုင်၊ မိုးကောင်းကျေးရွာ၊ ပြည် - မကွေး ကားလမ်းဘေးရှိ USK စက်သုံးဆီဆိုင်တို့အား လိုက်လံစစ်ဆေးခဲ့ကြသည်။

ယင်းသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာစက်သုံးဆီဆိုင်များအနေဖြင့် စက်သုံးဆီများကို သတ်မှတ်စံချိန်စံညွှန်းများ၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခြင်း ရှိ/မရှိ၊ ဆီပြတ်လပ်မှု မရှိစေရေးနှင့် မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား လိုင်စင်ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ စက်သုံးဆီဆိုင်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အာကာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)