ဂန့်ဂေါမြို့ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဆုတောင်းပြည့်စေတီတော်ပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဆုတောင်းပြည့်စေတီတော်ပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပ







ဂန့်ဂေါ ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးမှူးကျင်းပ သော သမိုးဝင်ရွှေပြည်ဆိပ်ဦးဆုတောင်းပြည့်စေတီတော်ပုရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ အချိန်က ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားကို “ နမောတဿ ”သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ဖွင့်လှစ်ပြီး သံဃာတော် အရှင်သူမြတ်တို့က ဗုဒ္ဓါဘိသေကအနေကဇာတင်၍ မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ ဆရာတော်အရှင်သူမြတ်ထံမှ ရှစ်ပါးသီလကိုခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်မြတ်တို့ထံမှ ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ ဆရာတော် အမှူးပြုသည့် ဆရာတော်အရှင်သူမြတ်တို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း ချအမျှပေးဝေကြသည်။

ထို့နောက် မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းပူဇော်ရန်အတွက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့နှင့်တကွ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင် ဦးဆောင်သည့်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝတ်အသင်းအဖွဲ့များက မဟာဗောဓိပင်သို့စီတန်းလှည့်လည်၍ ဆရာ တော်သံဃာတော်အရှင်သူမြတ်တို့မှ ညောင်ရေသွန်းလောင်းပူဇော်ကြပြီးလျှင်  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက မဟာဗောဓိပင်အရပ်ရှစ်မျက်နှာ၌နေရာယူကြပြီး ညောင်ရေသွန်းလောင်းပူဇော်ကြရာ အကျိုးတော်ဆောင် ဦးအောင်စိုးမင်းမှ “ ဇယောဟိ ” ဂါထာ(၄)ဂါထာကို လည်းကောင်း၊ ကျောတိုက်ရပ်ကွက် “ ခေမာသီဝံ ” ဝတ်အသင်းက ညောင်ရေသွန်းရန် ကြွေးကြော်သံကဗျာ နှင့် မြောက်ကုန်းရပ်ကွက် “ ပုညကာရီ ” ဝတ်အသင်းက ဆုတောင်းပတ္ထနာ ရှစ်လုံးဘွဲ့ကဗျာတို့ဖြင့် ရွတ်ဆို ပူဇော်ခဲ့ကြကြောင်း သိရသည်။

အလားတူ ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်း ဘုရားစေတီပုထိုးများရှိ မဟာ ဗောဓိညောင်ပင်များကို ဒေသခံပြည်သူများက ညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော် များတည်ခင်း၍ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရှိရ သည်။

မောင်မျိုးမင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)